Latest News

Saturday, May 26, 2018

၂၂ရက်နေ့ညနေ၄နာရီအချိန်ခန့်တွင်မန်မော်ပိုးစာကုန်းရွာခြင်းဆက်လမ်းတွင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသောမန်မော်အ.လ.ကကျောင်းဆရာမလေးဒေါ်ခင်နှင်းရီအားသတ်ဖြတ်သူမောင်စိုးထက်နိုင်၏ရဲမှတ်တမ်းထွက်ဆိုချက်......


22ရက်နေ့ညနေတွင် စိုးထက်နိုင်၏ညီမှဆိုင်ကယ်ဘရိတ်ရှုးဝယ်ရန်ဖေါင်းပြင်မြို့သို့လာရန်ပြင်ဆင်ချိန်စိုးထက်နိုင်၏ညီမှဗိုက်ထဲနာသဖြင့်အကိုဖြစ်သူစိုးထက်နိုင်ကိုယ်တိုင်ဆိုင်ကယ်ဖြင့်ဖေါင်းပြင်မြို့သို့သွားရန်မန်မော်ရွာမှထွက်လာစဉ်
လမ်းခရီး၌ဆရာမလေးဒေါ်ခင်နှင်းရီကိုမှီလာခဲ့ပြီးဒေါ်ခင်နှင်းရီမှပစ္စည်းကျနေသည်ကိုဆိုင်ကယ်ပေါ်မှဆင်းကောက်နေကြောင်း
သူမကုန်းကောက်နေသည်ကိုမြင်သည်နှင့်သားမယားကျင့်ရန်ဖြစ်ပေါ်လာကြောင်း
ထိုစဉ်ဆရာမလေးမှပိုးစာကုန်းရွာဘက်သို့ဆက်ပြီးဆိုင်ကယ်မောင်းသွားကြောင်း
စိုးထက်နိုင်ကအနီးနားကလယ်တဲမှသစ်သားချောင်းကိုဝင်ရောက်ယူပြီး
ဆရာမလေးကိုမှီသည်နှင့်အနောက်ကနေရိုက်လိုက်ကြောင်းထွက်ဆိုခဲ့ပါသည်။

ထိုစဉ်ဆရာမလေးသတိမေ့သွားရင်ကိုင်းတောထဲဆွဲခေါ်ပြီးသားမယားကျင့်ရန်ပြုလုပ်စဉ်ဆရာမလေးမှသတိမမေ့ပဲစိုးထက်နိုင်ကိုဘာလိုချင်လို့အဲ့လိုလုပ်တာလဲဟုမေးလိုက်စဉ်
စိုးထက်နိုင်မှသူ့ကိုမှတ်မိသွားပြီဆိုပြီးဆက်လက်ရိုက်ခဲ့ကြောင်း
ဆရာမလေးထပြီးထွက်ပြေးသည့်အတွက်လှမ်းဆွဲလိုက်ရာထမိန်နှင့်အတွင်းခံကျွတ်ပြီးလမ်းဘေးမြောင်းထဲကျသွားကြောင်း၊ထိုစဉ်ဌင်းမှကျောက်ခဲဖြင့်ဦးခေါင်းကိုထုပြီးလမ်းမှာလှဲနေသည့်ဆရာမဆိုင်ကယ်ကိုဆရာမလှဲကျနေသည့်လမ်းဘေးမြောင်းထဲထိုးချခဲ့ကြောင်း
ဆရာမ၏ဒူးလောက်မှာကျန်နေသည့်အတွင်းခံကိုဆွဲချွတ်ပြီးထမိန်ကိုပြန်၍စွပ်ပေးထားခဲ့ကြောင်းထိုစဉ်ဆိုင်ကယ်တစ်စီးလာခဲ့၍ဆရာမကိုယ်ပေါ်မှာဝပ်ပြီးပုန်းနေခဲ့ကြောင်း
ထို့နောက် လူရှင်းသည်နှင့်အတွင်းခံ ကျောက်ခဲ သစ်သားပိုင်းတို့ကိုယူဆောင်ကာထိုနေရာတွင်ပစ်ထားပြီးပိုးစာကုန်းသို့ဆက်သွားပြီးလက်မှပေနေသည့်သွေးစတို့ကိုရေဆေး၍
ဝယ်ရန်ပစ္စည်းကိုဝယ်ကာဒေါ်ခင်နှင်းရီရောက်အလာကိုစောင့်နေသော ဆရာမတစ်ဦးကိုဆိုင်ကယ်ဖြင့်တင်ဆောင်ကာမန်မော်ရွာသို့ပြန်လာခဲ့သည်ဟုထွက်ဆိုသွားပါသည်။

သူ့ကိုမှတ်မိသွား၍သားမယားမကျင့်ရန်စိတ်ပြောင်းပြီးအသေသတ်ခဲ့ပါသည်ဟုထွက်ဆိုပါသည်။ မှတ်ချက်ဆရာဝန်မှတ်တမ်းတွင်လဲသားမယားကျင့်သည်ဟုမတွေ့ရ။

ဖမ်းမိအချိန်။ ။
မောင်စိုးထက်နိုင်မှဆရာမလေးအသုဘချသည့်အချိန်တွင်ဌင်း၏ဇနီးကို
ဒီအကြောင်းပြောဆိုခဲ့ကြောင်း
နှင့်နောက်နေ့တွင်မိဘခိုင်းလိုက်သည့်ကိစ္စကိုအသွား လင်မယားနှစ်ယောက်အတူတူသေကြမယ်
ဆိုပြီးGrandအရက်ဝယ်သောက်ကြောင်းထို့နောက် ဆည်ချောင်းရွာတွင်ကြွက်သတ်ဆေး၁၀ထုပ်နှင့်
လစ်ပိုပလင်းဝယ်ကာတစ်ယောက်၅ထုပ်စီသောက်ပြီးနှစ်ယောက်လုံးပုဆိုးထဲဝင်ဆွဲချီပြီးချင်းတွင်းမြစ်ထဲ
ခုန်ချခဲ့ရာအနီးနားမှတံငါလှေများမှမြင်၍ဆယ်ယူပြီးရဲစခန်းဆက်ကာရဲရောက်လာပြီး
ဒေါ်ခင်နှင်းရီအားသတ်ခဲ့ကြောင်းစိုးထက်နိုင်မှသတ်ခဲ့ကြောင်း
စိုးထက်နိုင်၏ဇနီးမှထွက်ဆိုရာမှပေါ်ပေါက်လာခဲ့ပါသည်။.....

တင်စောဦး








No comments:

Post a Comment