ကျုံပျော် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ရေစခန်းကျေးရွာ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့်ကျောင်းမနေနိုင်သူ၊ ပညာရေးအခက်အခဲရှိသူ ကလေးများ အတွက် ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပရဟိတကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာစက္ကက ကျေးဇူးတင်စကားမိန့်ကြားပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ပညာရေးဌာနနှင့်အလှူရှင်များက ကျောင်းသား၊ ကျောင်းသူ (၈၀)ဦးတို့ အတွက် အလှူ ငွေကျပ်(၂)သိန်း၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များအား အသီးသီးပေး အပ်လှူဒါန်းခဲ့ကြ သည်။
ကျုံပျော်မြို့နယ်တွင် လက်ရှိဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်းရှိပြီး ၊ ကျောင်းသား ကျောင်းသူ(၃၀၀)ကျော်ခန့်အား အခြေခံပညာရေးအတွက် သင်ကြားဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)
No comments:
Post a Comment