Latest News

Saturday, May 26, 2018

နာဂျစ်ရာဇက်၏ နေအိမ်နှင့်တိုက်ခန်းများမှ တန်ဖိုးရှိ ငွေစက္ကူများကို သိမ်းဆည်း

နာဂျစ်ရာဇက်၏ နေအိမ်နှင့်တိုက်ခန်းများမှ တန်ဖိုးရှိ ငွေစက္ကူများကို သိမ်းဆည်း

ကွာလာလမ်ပူ   မေ  ၂၅

မလေးရှားရဲတပ်ဖွဲ့သည် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ နေအိမ်နှင့်တိုက်ခန်းများကို မေ ၂၅ ရက်တွင် ဝင်ရောက်စီးနင်းပြီး ရင်းဂစ် ၁၁၄ သန်းတန်ဖိုးရှိ ငွေစက္ကူများနှင့် အဖိုးတန် လက်ကိုင်အိတ် အများအပြားကို သိမ်းဆည်းသွားသည်။ နာဂျစ်ရာဇက် ပါဝင်ပတ်သက်နေသည့် အကျင့်ပျက်ခြစားမှုကို စုံစမ်းဖော်ထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်   ယခုကဲ့သို့ သိမ်းဆည်းခြင်းဖြစ်သည်။ အဆိုပါ စီးနင်းရှာဖွေမှုများကို မေ ၁၈ ရက်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စီးပွားရေးရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့အကြီးအကဲ အေမာဆင်းကပြောသည်။

ရဲတပ်ဖွဲ့သည် ရင်းဂစ် ၁၁၄ သန်း တန်ဖိုးရှိ ငွေစက္ကူများကို နာဂျစ်ရာဇက်ပိုင် လူမနေသည့် တိုက်ခန်းအတွင်းရှိ လက်ကိုင်အိတ် ၃၅ လုံးအတွင်းမှ တွေ့ရှိခြင်းဖြစ်သည်။ အဆိုပါ ငွေစက္ကူများတွင် ငွေကြေးအမျိုးအစား ၂၆ မျိုးပါဝင်ပြီး ငွေစက္ကူ အများစုမှာ မလေးရှား ရင်းဂစ်နှင့် စင်ကာပူဒေါ်လာများ ဖြစ်သည်။ ထို့ပြင် ရဲတပ်ဖွဲ့သည် နာဂျစ်ရာဇက်၏ နေအိမ် တစ်လုံးတည်းမှပင်  နိုင်ငံခြားငွေကြေးများ မပါသည့် ရင်းဂစ်ငါးသိန်းခန့်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း အေမာဆင်းကပြောသည်။

နိုင်ငံပိုင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည့် 1MDB မှ နာဂျစ်ရာဇက်၏ ဘဏ်ငွေစာရင်းသို့ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆ သန်း လွှဲပြောင်းထားမှုနှင့် ပတ်သက်၍ မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က နာဂျစ်ရာဇက်ကို မေ ၂၄ ရက်တွင် စစ်ဆေးသည်။

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှားအယွင်း လုပ်ဆောင်ခဲ့ခြင်းမရှိဟု နာဂျစ်ရာဇက်က ငြင်းဆိုထားပြီး  ၎င်း၏ဘဏ်ငွေစာရင်းသို့ ပြီးခဲ့သည့် သုံးနှစ်အတွင်း လွှဲပြောင်းခဲ့သည့် ဒေါ်လာ သန်း ၆၈ဝ မှာ အမည်ဖော်ပြခြင်း မရှိသည့်   ဆော်ဒီတော်ဝင် မိသားစုဝင်တစ်ဦး၏ လှူဒါန်းငွေများ ဖြစ်သည်ဟု အခိုင်အမာပြောထားသည်။ ရဲတပ်ဖွဲ့ကသိမ်းဆည်းသွားသည့် ငွေကြေးများမှာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသော နာဂျစ်ရာဇက်၏ ညီညွတ်သော မလေးအမျိုးသား အဖွဲ့အစည်းပါတီ(UMNO)မှ ရန်ပုံငွေ များဖြစ်သောကြောင့် ၎င်းငွေများကို ပါတီသို့ ပြန်ပေးရန် UMNO  က တောင်းဆိုထားကြောင်း သိရသည်။

MWD

No comments:

Post a Comment