Latest News

Thursday, May 10, 2018

အငြင်းပွားမှု လျှော့ချရေး အရေးပေါ် ဆက်သွယ်ရေးလိုင်း တပ်ဆင်ရန် ဂျပန်နှင့် တရုတ် သဘောတူ

အငြင်းပွားမှု လျှော့ချရေး အရေးပေါ် ဆက်သွယ်ရေးလိုင်း တပ်ဆင်ရန် ဂျပန်နှင့် တရုတ် သဘောတူ

တိုကျို မေ ၉

ဂျပန်နှင့်တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံ တင်းမာမှု ဖြစ်ပွားစေနိုင်သည့် ပင်လယ်ရေကြောင်း ပိုင်နက် အငြင်းပွားမှုကို လျှော့ချရန် ဆယ်စုနှစ်များစွာကြာ ဆွေးနွေးပြီးနောက် လုံခြုံရေး ဆိုင်ရာ အရေးပေါ်ဆက် သွယ်ရေး လိုင်းတစ်ခု တပ်ဆင်ရန် မေ ၉ ရက်တွင် သဘော တူလိုက်ပြီဖြစ်သည်။ အရေးပေါ်ဆက်သွယ်ရေးလိုင်း တပ်ဆင်မည့် အဆိုပါ သဘောတူစာချုပ်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တရုတ်ဝန်ကြီးချုပ် လီခချန်တို့က တိုကျိုမြို့၌ ကျင်းပသည့် ထိပ်သီးေ ဆွးနွေးပွဲတွင် လက်မှတ်ထိုးခြင်းဖြစ်သည်။

ဂျပန်နှင့်တရုတ်တို့အကြား ရေတပ်စစ်သင်္ဘော သို့မဟုတ် စစ်လေယာဉ်များအကြား မတော်တဆဖြစ် ပွားပါက စစ်ဘက်အရာရှိကြီးများ အကြား ဆက်သွယ်ရမည့် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို စာချုပ်ချုပ် ဆိုပြီးနောက် ရက်ပေါင်း ၃ဝ အတွင်း တပ်ဆင်ရမည်ဖြစ်သည်။ ဂျပန်နိုင်ငံက ဆင်ကာကူကျွန်းဟု ခေါ်ေ ဝ်ါပြီး တရုတ်နိုင်ငံက တျောင်းယုဟု လူသိများသော ကျွန်းစုကို ဂျပန်အစိုးရက ပုဂ္ဂလိက ပိုင်ရှင်တစ်ဦးထံမှ ၂ဝ၁၂ ခုနှစ်တွင် ဝယ်ယူလိုက်ချိန်မှစ၍ နှစ်နိုင်ငံအကြားအရေးပေါ် ဆက် သွယ်ရေးလိုင်း တပ်ဆင်မည့် ဆွေးနွေးပွဲ ရပ်တန့်သွားခြင်းဖြစ်သည်။

ဂျပန်နှင့်တရုတ်တို့အကြား လက်မှတ်ထိုးခဲ့သည့် သဘောတူစာချုပ်တွင် အရေးပေါ် ဆက်သွယ်ရေးလိုင်း တပ်ဆင်မည့် အစီအစဉ်အပြင် ပင်လယ်ပြင်အတွင်း ရေတပ်သင်္ဘောများ မတော်တဆ ဖြစ်ပွားပါက နှစ်နိုင်ငံ စစ်ဘက်အကြားဆက်သွယ်နိုင်မည့် လုပ်ထုံးလုပ်နည်း တစ်ရပ်သတ်မှတ်ရေးနှင့် နှစ်နိုင်ငံစစ်ဘက် အရာရှိကြီးများအကြား ပုံမှန်တွေ့ဆုံေ ဆွးနွေးရေးတို့လည်း ပါဝင်ကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ နိုင်ငံအတွင်း၌ အမေရိကန် စစ်အခြေစိုက်စခန်းများ ဖွင့်လှစ်ထားပြီး အမေရိကန်နှင့် ချုပ်ဆိုထားသည့် အကူအညီပေးရေး သဘော တူစာချုပ်အရ အငြင်းပွားနေသည့် ရေပိုင်နက်အပါအဝင် ဂျပန်နိုင်ငံ၏နယ်မြေ တိုက်ခိုက်ခြင်းခံရလျှင် အမေရိကန် ပြည်ထောင်စုက အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း သိရ သည်။

MWD

No comments:

Post a Comment