Latest News

Tuesday, May 8, 2018

ဆော်ဒီ စီးပွားရေး တစေ့တစောင်း

ဆော်ဒီ စီးပွားရေး တစေ့တစောင်း

ဆော်ဒီအာရေဗီယားသည် ရွေမဲ ဟု ခေါ်သော
ရေနံ ဖြင့် အချမ်းသာဆုံးနိုင်ငံများ စာရင်းဝင်
အဖြစ် လူသိများ လာခဲ့ပါတယ်။ ယခုအခါ
ဆော်ဒီ လို ကျိကျိတက် ချမ်းသာနေတဲ့ နိုင်ငံမှာ
တောင် အခွန်မကောက်လို့ မဖြစ်တော့တဲ့
အနေအထားကို သိထားရအောင်
 ၂၀၁၈ ဇန်န၀ါရီ ၁၃ ရက်နေ့ ထုတ်
The Economist တွင် ပါရှိသော "Taxing time" ကို ကိုးကား တင်ပြလိုက်ပါတယ်။

======================

ဆော်ဒီ နိုင်ငံသားများ အဖို့ ယခု နှစ်ဆန်းပိုင်း
မှာ စတားဘတ်ခ် ကော်ဖီဆိုင်က ငွေရှင်းဖြတ်
ုပိုင်းတွေကို ဆိုရှယ် မီဒီယာတွေမှာ တင်ကြ၊
ရှယ်ကြ နဲ့ အလုပ်များ ကုန်ကြပါတယ်။ ၎င်းတို့
အဖို့ အခုလို ဗျာများ သွားရတဲ့  အကြောင်းက
တော့ ဇန်န၀ါရီလ ၁ ရက် နေ့ ကစပြီး အစိုးရ
မှ (မင်းသားများက ဆို ပိုမှန်ပါလိမ့်မယ်) Value-Added Tax (VAT) ဆိုတဲ့ ၀ယ်ယူမှု အပေါ်
အခွန်စည်းကြပ်မှု စတင်တော့မယ်လို့ ကြေငြာ
လိုက်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။

၎င်းတို့ ရဲ့ ၀င်ငွေ နဲ့ ထွက်ငွေ ကွာဟလာနေမှု
ကို လျော့ချနိုင်ဖို့ VAT ကို ၅% ကောက်ခံတော့
မှာလည်း ဖြစ်ပါတယ်။ ကျန်းမာရေး နဲ့ အများ
ပြည်သူနှင့် ဆိုင်သော သယ်ယူပို့ဆောင်ရေး
ကဏ္ဍ များက လွဲပြီး ကျန်ရှိတဲ့ ကုန်ပစ္စည်းများ
နဲ့ ၀န်ဆောင်မှုတွေ မှာ အကျုံးဝင်တယ်လို့
လည်း ဆိုပါတယ်။ ယူအေအီး က လည်း အလားတူ ပြုလုပ်လာခဲ့ပါတယ်။

တသက်လုံး အလုပ်ကို လက်ကြောတင်း
အောင် မလုပ်ပဲ အစိုးရကို မှီခိုလာတြတဲ့
ဆော်ဒီတွေ ပွစိပွစိ မကျေမနပ် ဖြစ်ကုန်ကြပါ
တယ်။ အချို့ က ၎င်းတို့ ရဲ့ လူနေမှု စရိတ် မြင့်
တက်လာတော့မှာကို စိုးရိမ်နေကြသလို့
အချို့ကလည်း ကုန်ပစ္စည်းတွေကို အဆမတန်
ဈေးကြီးပေးဝယ်ရတော့မယ် ဆိုပြီး ငြည်းငြူ
လာကြပါတယ်။

သို့သော်လည်း ဆော်ဒီမှာ လက်ရှိ အာဏာကို
ဆုပ်ကိုင်ထားတဲ့ အိမ်ရှေ့ မင်းသား MBS လို့
ကွယ်ရာမှာ အတိုကောက် အခေါ်ခံရတဲ့
Muhammad bin Salman ရဲ့ အစီအမံတွေကို
လူသိရှင်ကြား ပြောရဲဆိုရဲတဲ့ လူ မရှိပါဖူး။

ဒီဇင်ဘာလ မှာ ထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျက်က
တော့ လျော့သွားခြင်း မရှိပဲ အရင် နီးပါး
ဒေါ်လာ ၂၆၁ ဘီလီယံ ရှိပါတယ်။ ဒါတောင်မှ
၂၀၁၄ မှာ ကမ္ဘာရေနံဈေးတွ ထိုးကျသွားပြီး
နောက်မှ ခြိုးခြံခ္ဈေတာရေး လုပ်လာတဲ့ ဘတ်
ဂျက်မျိုး ဖြစ်ပါတယ်။

၂၀၁၅ မှာ ၀န်ကြီးဌာနတွေ အားလုံး
ကန်ထရိုက် လုပ်ငန်း
တွေ အပေါ် အသုံးစရိတ် ၅% အထိ လျော့ချ
ပြစ်ဖို့လည်း အမိန့် ထုတ်ခဲ့တဲ့ အတွက် စီးပွား
ရေး တုန့်နှေးလာခဲ့ရပါတယ်။ အခု ဘတ်ဂျက်
အသစ်ကတော့ လုပ်ငန်း အသစ်တွေ ဖေါ်
ဆောင်ဖို့ အသုံးစရိတ်တွေ တိုးမြှင့်ပေးပြီး ကျန်း
မာရေး အတွက် ယခင်ကထက် ၁၁% ပိုပြီး
ခွဲတမ်းချပေးလာတာ တွေ့ရပါတယ်။

ဘတ်ဂျက်လိုငွေ ပြမူကတော့ GDP ရဲ့ ၇.၂%
ရှိနေပြီး ပမာဏ အားဖြင့် ဒေါ်လာ ၅၂ ဘီလီယံ
ဖြစ်ပါတယ်။ မနှစ်ကထက် ပိုပြီး နည်းလာတယ်
ပြောလို့ ရပေမယ့် အတော်ကို များနေတဲ့ ပမဏ
ပဲ လို့ ဆိုရပါမယ်။ ရေနံဈေး တွေ ကျလာချိန်က
စပြီး နိုင်ငံခြား အရံ စုဆောင်းငွေတွေထဲက
တဖြေးဖြေး နဲ့ ထုတ်သုံးလာခဲ့တာ ဒေါ်လာ ၂၅၀ ဘီလီယံ အထိ ရှိသွားပြီ ဖြစ်ပါတယ်။ ပြီး
ခဲ့တဲ့ နှစ်လ ပိုင်း အတွင်း ဘဏ္ဍာတိုက်ကို
အနည်းငယ် ပြန်လည် ဖြည့်တင်းလာနိုင်ခဲ့
ဆိုပေမယ့် လက်ရှိ အရံငွေ ပမာဏ က ၂၀၁၁
နဲ့ နိုင်းစာမယ်ဆိုရင် အနိမ့်ဆုံး အဆင့်ကို
ရောက်နေပါတယ်။

ဆော်ဒီ အရာရှိတွေကတော့ နောက်နှစ်လောက်
ဆို ဘတ်ဂျက်ကို ပြန်လည် ထိမ်းညှိနိုင်မယ်လို့
မျော်လင့်နေခဲ့ကြပေမယ့် ဒီလိုလုပ်နိုင်ဖို့ ရည်
မှန်းချက်ကို ၂၀၂၃ အထိ ရွှေ့ ဆိုင်းလိုက်ရပါ
တယ်။ ဒါတောင်မှ ဖြစ်အောင် မနဲရုန်းကန်ရဖို့
ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

ယခု ကောက်မယ့် VAT က ဒီနှစ်အတွင်း
၆ ဘီလီယံ လောက် ရနိုင်တယ်လို့ တွက်ဆနေ
ကြပါတယ်။ ပြည်ပက ပညာရှင်တွေ ခေါ်ယူခ
အတွက် ကောက်ခံမှုကလည်း အဲ့ဒီ ပမာဏ
လောက် ရနိုင်ဖို့ ရှိနေပါသေးတယ်။

ဓါတ်ဆီဈေးနှုန်ုးကိုလည်း မြှင့်တင်ခဲ့ရာမှာ
အနိမ့်ဆုံး ဂရိတ် တောင့် ၈၅% အထိ ထိုးတက်
သွားတယ်လို့ သိရပါတယ်။ ဒါကို ထေမိစေဖို့
အစိုးရ ၀န်ထမ်းတွေကို တလကို ဆော်ဒီငွေ
ရီယတ် ၁၀၀၀ (ဒေါ်လာ ၂၆၇) ထပ်ဆောင်း
ပေးမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေ နဲ့ ပင်စင်
စားတွေကိုလည်း ဒီထက်များတဲ့ ပမာဏ ထပ်
ဆောင်းပေးမယ်လို့ ဆိုပါတယ်။

ယခုနှစ် အတွင်း ရေနံ မှ ရရှိသော ၀င်ငွေ သည်
၁၈% တိုးတက်ပြီး ဒေါ်လာ ၁၃၁ ဘီလီယံ အထိ ရရှိမယ်လို့ ရည်မှန်းထားကြပါတယ်။ သို့
သော် အရင်ကလိုတော့ များများစားစား
အထောက်အကူ ပြု နိုင်ဖို့ မရှိတော့တာ တွေ့
လာရပါတယ်။

မနှစ်က အစိုးရပိုင် ရေနံ ကုမ္ပဏီ ဖြစ်တဲ့
Aramco အတွက် အခွန်အခ နှူန်းကို ၈၅% မှ
၅၀% အထိ ဖြတ်တောက်ပေးခဲ့ပါတယ်။
ရှယ်ယာများကို အများကို ထုတ်ရောင်းတော့မှာ
ဖြစ်လို့ ရင်းနှီးမြုပ်နှံသူတွေ ၀ယ်ယူချင်လာ
အောင် လုပ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ နောက်
ထပ် ဘီလီယံ ပေါင်းများစွာ ထပ်ရလာနိုင်စရာ
ရှိနေပါတယ်။

မင်းသား မိုဟာမက် ကတော့ နိုင်ငံ စီးပွားရေး
ကို ရေနံပေါ် အမှီသဟဲ ပြုနေရမှု မှ ဖယ်ခွာချင်
နေပါတယ်။ သို့သော် ဘတ်ဂျက် ခန့် မှန်ုးခြေ
အရ ရေနံ မဟုတ်တဲ့ အခြားကဏ္ဍ များမှ ရရှိငွေ
၃.၇% သာရှိမယ်လို့ ထည့်သွင်းတွက်ချက်ထား
ပြီး ဒီပမာဏ က ၂၀၁၇ ထက်စာရင် ထက်ဝက်
နီးပါး မြင့်တက်လာတယ်လို့ ပြောလို့ ရပါတယ်။
ဒီ ခန့် မှန်းချက်ကလည်း အကောင်းမြင်လွန်းနေ
တယ်လို့ သုံးသပ်ခဲ့ကြပြန်ပါတယ်။

အစိုးရ ၀န်ထမ်းတွေ အဖို့ ခံစားခွင့်တွေ တိုး
မြှင့်ပေးလိုက်ပမယ့် မရပဲ ကျန်နေတဲ့ အုပ်စု
ရှိနေပါတယ်။ အဲ့တာကတော့ ဘုရင် ဆွေတော်
မျိုးတော် အသိုက်အ၀န်းပဲ ဖြစ်ပါတယ်။ ဇန်န၀ါရီ လ ၁ ရက်နေ့ က စပြီး ဆွေတော် မျိုးတော်တွေ
အကုန်လုံး ၎င်းတို့ရဲ့ စံအိမ်တော်တွေ အတွက်
ရေဖိုး မီးဖိုး ကို နိုင်ငံတော်မှ ကျခံခြင်း မရှိတော့
ပဲ ကိုယ်တိုင် ပေးဆောင်ရမယ်လို့ အမိန့် ထုတ်
ပြန်ခဲ့ပါတယ်။  ဘီလီယံ ချီပြီး ချမ်းသာ
ကြွယ်ဝနေကြပေမယ့် သူတို့ ဘ၀မှာ ပထမဆုံး အကြိမ် အဖြစ် အခုလို ရေဖိုး မီးဖိုး ပေးရမှာကို
မကျေနပ်ကြတဲ့ အတွက် ဘုရင် နန်းတော်ထဲ
မှာ မင်းသား ဆယ်နှစိပါး ထိုင် ဆန္ဒ ပြခဲ့ကြ
တဲ့ အတွက် ရဲများက ၀င်ရောက် ဖမ်းဆီးခဲ့ကြ
ပါတယ်။ ထိုအထဲမှာ နို့ ထွက် လုပ်ငန်း များ
လုပ်ကိုင်နေတဲ့ အကြီးစား ကုမ္ပဏီ Almarai ကို
ပိုင်ဆိုင်ထားတဲ့ သူဌေး မင်းသားကြီးရဲ့ သား
တော် နှစ်ပါး ပါဝင်နေပါတယ်။ ဖခင် မင်းသားရဲ့
အသားတင် ပိုင်ဆိုင်မှုက ဒေါ်လာ ၄ ဘီလီယံ ခန့် ရှိမယ် ခန့် မှန်း ထားခဲ့ကြပါတယ်။

အခုလို ဆွေတော်မျိုးတော်တွေဆီက ညှစ်ထုတ်
လိုက်တာကလည်း လူထု အတွင်း မကျေမနပ်
ဖြစ်မှုကို လျော့ပါးစေအောင် ရည်ရွယ်ခဲ့တာပဲ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းက ဆွေတော်မျိုး
တော် များ နဲ့ စီးပွားရေး သမား စုစုပေါင်း ၂၀၀
ခန့် ကို အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး စီမံ
ချက်နဲ့  ဖမ်းဆီး ထိမ်းသိန်းခဲ့ပါတယ်။ အတော်
များများကိုတော့ ၎င်းတို့ ပိုင်ဆိုင်မှုကို နိုင်ငံတော်
အား ပြန်လည် လွှဲပြောင်းပေးခဲ့တဲ့ အတွက်
ပြန်လွှတ်ပေးခဲ့ပါတယ်။ ထင်ရှားတဲ့ လူအနည်း
ငယ်ကတော့ ရွှေလှောင်အိမ်တွေထဲမှာ စံမြန်း
နေရတုန်း ဖြစ်ပါတယ်။ ထိုအထဲမှာ Citigroup
နဲ့ Apple မှာ ရှယ်ယာတွေ အများစု ပါဝင်ထား
တဲ့ မင်းသား အယ်ဝါလိ ဘင် တာလာ လည်း
ပါဝင်ပါတယ်။ ၎င်းကို လွှတ်ပေးဖို့ အစိုးရ က
ဒေါ်လာ ၆ ဘီလီယံ တောင်းဆိုနေတဲ့ အတွက်
တနှစ်လုံး နိုင်ငံသားများဆီမှ ကောက်ခံနိုင်မယ့်
VAT ပမာဏာ နဲ့ ညီမျနေပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment