Saturday, May 26, 2018
အင်းတော်မြို့နယ်တွင် ယာဉ်တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး
ကသာ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ကျောင်းကုန်း ကျေးရွာအနီး၊ချီပါတောင်အဆင်းတွင်ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်သွားရာအမျိုးသားတစ်ဦးသေဆုံးသွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် အင်းတော်မြို့နယ်၊ မဲဇာတံတားရဲကင်းစခန်းမှူးဒုရဲအုပ်ကျော်မင်းသူ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့် အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးကြည့်ရှု့ရာ အင်းတော်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးရွှေဘို-မြစ်ကြီးနားကား လမ်း၊ ချီပါတောင်အဆင်းတွင်မိုးကောင်းမြို့နယ်၊ပွင့်ဖြူကျေးရွာ နေ ခင်မောင်လတ်ဆိုသူမောင်းနှင်ပြီးယာဉ်နောက်လိုက်တစ်ရွာတည်းနေချစ်ညိုလိုက်ပါလာသော MDY 9D/---- NISSAN အမျိုးစား ၆ ဘီးယာဉ်သည်ကုန်အပြည့်တင်ဆောင်မောင်းနှင်လာစဉ်အရှိန်မထိမ်နိုင်ဘဲလမ်း၏ ဘယ်ဘက်ချောက်အတွင်းထိုးကျတိမ်းမှောက်သွားရာယာဉ်နောက်လိုက် ချစ်ညိုဆိုသူမှာ အခင်းဖြစ်နေရာတွင်ရရှိသော ဒါဏ်ရာဖြင့်သေဆုံးသွားသဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ခင်မောင်လတ်အား အင်းတော်မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း ဒုရဲအုပ်ကျော်မင်းသူမှ ပြောပြသိရှိရသည်။
လူအောင်(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းတော်မြို့နယ်တွင် ယာဉ်တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး
Reviewed by timeayeyar
on
7:28 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment