ရန်ကုန် မေ ၂၄
မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတများ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရန် အတွက် ငါးမဖမ်းရ ရာသီအဖြစ် ယခုလ မေ ၁၆ ရက်မှ သြဂုတ်လ ၁၅ ရက် စုစုပေါင်း (၃)လ ကြာမြင့်သည်အထိ သတ်မှတ်ထားရာ မေလ ဒုတိယပတ်က စတင်ပြီး ရန်ကုန်မြစ်အတွင်း ဒလဘက်ကမ်း၌ ပင်လယ်ပြင် ငါးဖမ်းသင်္ဘော အများအပြား ဆိုက်ကပ်ရောက်ရှိနေကြသည်ကို ယနေ့ နံနက်က မြင်တွေ့ရ သည်။
မြန်မာ့ကမ်းရိုးတန်း ပင်လယ်ပြင်တွင် ငါး၊ ပုစွန်များ သားပေါက်ပွားသည့် ရာသီချိန် ဖြစ်သောကြောင့် ယခု မေလ ၁၆ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့ ကာလအတွင်း ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန်၊ အသိပေးကြေငှာတားမြစ်ထားခြင်းဖြစ်ပြီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၏ ၂၀ ရာခိုင်နှုန်းကိုသာ အလှည့်ကျ စနစ်ဖြင့် ငါးဖမ်းခွင့်ပြုထားကြောင်း သိရသည်။
မြန်မာ့အလင်း၊သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)
No comments:
Post a Comment