Latest News

Wednesday, May 30, 2018

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဘာကြောင့် နှုတ်ထွက်ရသလဲ

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဘာကြောင့် နှုတ်ထွက်ရသလဲ

သမ္မတရုံးမှ ၀န်ကြီး၏ သဘောဆန္ဒအလျောက်နှုတ်ထွက်ခွင့်ပြုခဲ့သည့် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ်ကနေ နှုတ်ထွက်ခဲ့တဲ့ ဦးမင်းထင်အောင်ဟန်က သူ့ရဲ့ နှုတ်ထွက်ရခြင်းကို ယခုလိုပြောပါတယ်။

"နှုတ်ထွက်တယ်ဆိုတာကတော့ ပါတီကအပြောင်းအလဲတွေလုပ်နေတာသိတဲ့အတိုင်းပဲ။ လိုအပ်ချက်အရ ပါတီကလုပ်တာပါ။ ဒီနေရာမှာနေဆိုရင် တို့ကနေရမှာပဲ။ ဒါကနိုင်ငံရေး လုပ်တာလေ။ ပါတီရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ရတာပါ။

ဆက်လက်ပြီး ...

"ကျွန်တော်တာဝန်စယူခဲ့စဉ်ကတော့ မြို့ကြီးကမှောင်မဲနေတာ အခုလိုမီးလင်းအောင် မီးလုံး(၇၀၀)တပ်နိုင်ခဲ့တယ်။ မီးလုံးတွေကတော့ အလျှူရှင်တွေလှူတာပါ။
ဘောလုံးအသင်းနဲ့တွက်ရင် အစိုးရအဖွဲ့က ရှေ့တန်းပေါ့။  လွှတ်တော် ကိုယ်စားလှယ်က အလယ်တန်းပေါ့။ နောက်တန်းမှာကပါတီရှိတယ်။ အခုကျွန်တော်က ရှေ့တန်းမှာကစားပြီးပြီ။ အလယ်တန်းဆင်းပြီး နောက်ကပါတီနဲ့ပိုပြီးချိတ်ဆက်လို့ရတာပေါ့။ အစိုးရနှစ်နှစ်တာမှာ ပါတီနဲ့ချိတ်ဆက်မှုအားနည်းခဲ့တယ်။ အခုဆို လွှတ်တော်လုပ်ငန်း အပြင် ပါတီလုပ်ငန်းတွေပါလုပ်နိုင်ပြီးပေါ့။ နိုင်ငံရေးလုပ်မယ်ဆိုတာက ပါတီကနေပြီးတော့ တာဝန်ပေးတာကိုလုပ်ရတယ်။ ပါတီဝင်တစ်ယောက်ဟာ ပါတီကချတဲ့စည်းကမ်းရယ် ချတဲ့တာဝန်ကို တာဝန်ကျေအောင်လုပ်ရတယ်။ စောဒကတက်ဖို့မလိုဘူး။ ပါတီကနေရာရွှေ့လိုဆို့ပြီး စိတ်မကျေနပ်လို့ ပါတီကိုကလန်ဆန်လုပ်စရာအကြောင်းမရှိဘူး။ နိုင်ငံရေးပေါလစီဆိုတာက ပါတီကကိုင်တာကိုး နိုင်ငံတကာမှာလည်းဒီလိုပဲ။"

သတင်းနှင့် ဓါတ်ပုံ - နောင်ခန့်(သံလွင်​တိုင်းမ်​)

No comments:

Post a Comment