Latest News

Monday, May 28, 2018

ပြည်သူ့အိမ်ရာများတွင် နေထိုင်သူများ အိမ်ငှားစည်းကမ်းဖောက်ဖျက်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဝန်ကြီးဒေါ်နီလာကျော်ပြောကြား

ပြည်သူ့အိမ်ရာများတွင် နေထိုင်သူများ အိမ်ငှားစည်းကမ်းဖောက်ဖျက်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဝန်ကြီးဒေါ်နီလာကျော်ပြောကြား

မေ ၂၈ ရက်

            ပြည်သူ့အိမ်ရာများတွင်နေထိုင်သူ အိမ်ငှားများနှင့်ပတ်သက်၍ အိမ်ရာစည်းကမ်းချက်များအား  လိုက်နာမှုမရှိပါက လူမှုရေးနည်းလမ်းအရ အိမ်ရာအုပ်ချုပ်ရေးစခန်းနှင့် သာယာရေးကော်မတီပူးပေါင်းညှိနှိုင်းဖြေရှင်းပြီး လိုအပ်ပါက စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ပြောကြားသည်​။

“ပြည်သူ့ အိမ်ရာများတွင်နေထိုင်သစက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကူ အိမ်ငှားများနှင့်ပတ်သက်၍ အိမ်ရာအုပ်ချုပ်ရေးစခန်းများ ဖွင့်လှစ်ပြီး အိမ်ရာစည်းကမ်းချက် ၂၆ ချက်ပါ အိမ်ငှားစာချုပ်ချုပ်ဆို၍ စည်းကမ်းချက်များနှင့်အညီ စီမံခန့်ခွဲလျှက် ရှိပါတယ်။ အိမ်ငှားစည်းကမ်းဖောက်ဖျက်မှုများ ပေါ်ပေါက်လာပါက လူမှုရေးနည်းလမ်းအရ အိမ်ရာအုပ်ချုပ်ရေးစခန်းနှင့် သာယာရေးကော်မတီပူးပေါင်းညှိနှိုင်းဖြေရှင်းပြီး လိုအပ်ပါက စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။ လူမှုရေးနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းတို့ဖြင့် ဖြေရှင်းမှုမရရှိပါက ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိပါတယ်။ ”ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။
       
ပြည်သူ့အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်မှာ နိုင်ငံ့ဘဏ္ဍာသုံးစွဲ၍ အသစ်ပြန်လည်ဆောက်လုပ်ပေးရန် သုံးစွဲကုန်ကျငွေနှင့် အကျိုးခံစားရမည့် ပြည်သူလူထု မိသားစုအရေအတွက် နှိုင်းယှဉ်ပါက Course and benefit ဘက်ကိုက်ညီသောကြောင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှု PPP စနစ်ဖြင့် ဖော်ဆောင်ရန် မူဝါဒချမှတ်ထားရှိပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနနှင့် JICA တို့ ပူးပေါင်း၍ ပြည်သူ့အိမ်ရာအားလုံး၏  အကျိုးဖြစ်တန်စွမ်းလေ့လာဆန်းစစ်မှု Pre-effect ပြုလုပ်ခဲ့ရာ ပြည်ပရင်းနှီးမြုပ်နှံမှုအနေဖြင့် ဥပဒေအရ မြေပိုင်ဆိုင်မှုမရှိသောကြောင့် ဦးဝိစာရ၊ မင်္ဂလာတောင်ညွန့်နှင့် ဝေဠုဝန်အိမ်ရာသုံးခုကို BOT စနစ်ဖြင့် ရင်းနှီးမြုပ်နှံနိုင်မည်ဟု တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး“နိုင်ငံခြားသားများနဲ့ပတ်သက်ရင် နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့် မရှိပါဘူး။ ညအိပ်၊ ညနေ ဧည့်သည်အဖြစ် တည်းခိုနေထိုင်မယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနဲ့အညီသာ စိစစ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ယနေ့၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် ‘သက်တမ်းကြာမြင့်နေပြီဖြစ်သော အိမ်ရာ စခန်းများရှိ အိမ်ရာများအား ကွင်းဆင်းစစ်ဆေးပြီး အိမ်ရာအဆင့်အတန်းမြှင့်တင်ခြင်း လုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရ နှင့် ပြည်ထောင်စုရုံးချုပ်တို့ ပေါင်းစပ်၍ နှစ်အလိုက် တစ်ဆင့်ချင်း ဆောင်ရွက်သွားရန်’ ဟူသော အချက်အားမည်ကဲ့သို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနပိုင်အိမ်ရာများတွင် သတ်မှတ်စည်းကမ်းများနှင့် ညီညွှတ်မှုမရှိပါက မည်သို့အရေးယူစီမံဆောင်ရွက်ကြောင်းနှင့် ဌာနပိုင်တိုက်ခန်းများတွင် နိုင်ငံခြားသားနေထိုင်ခွင့်ရှိ/ မရှိ၊ မရှိပါက မည်သို့စီမံဆောင်ရွက်သွားမည်” ကို သိရှိလိုကြောင်း မေးမြန်းသည့်မေးခွန်းအား ဝန်ကြီးက အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

YRG Info:

No comments:

Post a Comment