Latest News

Tuesday, May 22, 2018

ARSA အဖွဲ့၏ ကြမ်းကြုပ် ရက်စက်မှုများ အား နိုငိငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှ ထုတ်ဖေါ်လိုက်ပြီ

ARSA အဖွဲ့၏ ကြမ်းကြုပ် ရက်စက်မှုများ အား နိုငိငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှ ထုတ်ဖေါ်လိုက်ပြီ

Amnesty International (AI) နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ ဗုဒ္ဓဟူးနေ့ က အသစ် ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင်ရခိုင်ပြည်နယ် အတွင်း အရပ်သားများကို သတ်
ဖြတ်ခဲ့သူများသည် မြန်မာ တပ်မတော်သာ မက
ဘင်္ဂါလီ သောင်းကျန်းသူ အဖွဲ့ အာဆာလည်း
ပါဝင်နေတယ်လို့ ဖေါ်ပြလိုက်ပါတယ်။

အနောက်ခါမောင်ဆယ် ကျေးရွာတွင် သြဂုတ်
လ ၂၅ ရက်နေ့ က ဘင်္ဂါလီ သောင်းကျန်းသူ
များသည် ဟိန္ဓူ ဘာသာဝင် အမြောက်အမြားကို
သတ်ဖြတ်ခဲ့ကြကြောင်း အထောက်အထားများ
တွေ့ရှိလာခဲ့ကြောင်း  လန်ဒန် အခြေစိုက် AI
အဖွဲ့ က ဆိုပါတယ်။

ထိုအချိန်က မြန်မာ လုံခြုံရေး တပ်ဖွဲ့များက
အလောင်းများ အစုလိုက် အပြုံလိုက် မြုပ်နှံခဲ့
တဲ့ နေရာ နှစ်နေရာ ကို တွေ့ရှိခဲ့ကြတယ်လို့
ကြေငြာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် ဘက် ရောက်
သွားတဲ့ အအသက်ရှင် ကျန်ရစ်သူများက ရခိုင်
လူမျိုးများ သတ်ဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့
ပြောဆိုခဲ့ကြပါတယ်။

သို့သော်လည်း AI အဖွဲ့ က သက်သေခံ
အထောက်အထားများကို သေခြာစေ့ငုစွာ
လေ့လာခဲ့ကြပြီး လူပေါင်းများစွာနဲ့ တွေ့ ဆုံ
မေးမြန်းခဲ့ကြတဲ့အပြင် သေမှူသေခင်း စစ်ဆေး
တဲ့ ပညာရှင်များမှ ပုံရိပ်လွှာများ သုံးပြီး လေ့
လာ ဆန်းစစ်ခဲ့ကြပါတယ်။

ထို့ အတွက် သတင်းများတွင် အရေးတယူ
ဖေါ်ပြခြင်း မခံခဲ့ရတဲ့ ၎င်းတို့ ရဲ့ ရက်စက်ကြမ်း
ကြုပ်မှုများကို မီးမောင်းထိုးပြနိုင်ခဲ့တယ်လို့
ဆိုပါတယ်။

အာဆာ အဖွဲ့ ကတော့ ၎င်းတို့ရဲ့ တရားဝင်
သတင်း ထုတ်ပြန်ရာ လမ်းကြောင်းဖြစ်တဲ့
Twitter အကောင့်မှာ ဘာလှုပ်ရှားမှု မှာ မရှိ
တော့တဲ့ အတွက် ပြန်လည် တုန့်ပြန်ခြင်း မရှိ
တာ တွေ့ရပါတယ်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ မနက် ၈ နာရီ
မှာ အင်္ကျီ အနက်များ ၀တ်ဆင်ပြီး သေနတ်များ
ဓါးများ ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီ စစ်သွေးကြွ
များက အနောက် ခမောက်ဆိပ် ရွာရှိ ဟိန္ဒူ ဘာ
သာဝင်များကို စတင် တိုက်ခိုက်ခဲ့ကြပါတယ်။

ထို့နောက်  ရွာသူ ရွာသား ၆၉ ဦးအား  မျက်နှာ အ၀တ်
စည်းထားသူများက ခေါ်ဆောင်သွားကြပြီး
ထိုအထဲမှ ၅၃ ဦးကို ကွပ်
မျက်ခဲ့ကြပါတယ်။ အဆိုပါ ၅၃ ဦးတွင်
အသက် ၈ နှစ်အောက် ကလေး ၂၃ ဦး၊
အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၂၀ ဦး ပါဝင်ခဲ့
ပါတယ်။ အမျိုးသမီး ၈ ဦး နဲ့ ကလေး ၈ ဦး
သာ အသက်ရှင် ကျန်ခဲ့ပါတယ်။

တပ်မတော်မှ တန်ပြန် ထိုး
စစ်ကြီး ဆင်နွှဲလာသည့်အခါ ကျန်ရှိသော
အဖမ်းခံထားရသူများ ပါ ခေါ်ယူပြီး မိခင်
ဘင်္ဂလား
နယ်ထဲ ထွက်ပြေးခိုလှုံသွားခဲ့ပါတယ်။ ထိုသို့
၎င်းတို့ နှင့် အတူခေါ်ယူသွားခြင်းမှာလည်း
အစ္စလာမ် ဘာသာ သို့ ကူးပြောင်းပါမည်ဟု
သဘောတူ ခဲ့ကြသောကြောင့်လည်း ဖြစ်ပါတယ်။

၎င်းတို့ ကျုးလွန်ခဲ့သော လူသတ်မှုကြီးအား
ရခိုင်လူမျိုးတို့ လက်ချက်ဖြစ်သည်ဟု ထွက်ဆို
ကြရန် ဒုက္ခသည်စခန်းများ ရှိ ဟိန္ဒူ ဘာသာ
ဝင်များအား ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ကြပါ
တယ်။

အသက်ရှင် ကျန်ခဲ့သူများက အောက်တိုဘာလ
အတွင်း မြန်မာနိုင်ငံသို့ ပြန်ရောက်မှသာ
ဘင်္ဂါလီ အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့
တာသာ ဖြစ်တယ်လို့ တညီတညွတ်တည်း
အခိုင်အမာ ပြန်လည် ထွက်ဆိုခဲ့
ကြတာ ဖြစ်ပါတယ်။ (ပုံတွင် တွေ့ရစဉ်)

ထိုနေ့ တနေ့တည်းမှာပင် အနောက်ခမောက်
ဆိပ် နှင့် ရွာချင်းကပ်နေသော ရေပေါက်ကြာ
ကျေးရွာမှ လူ ၄၆ ဦးလည်း ပျောက်ဆုံးသွား
ခဲ့ပါတယ်။ ၎င်းတို့
အားလုံးလည်း အသတ်ခံခဲ့ရတယ်လို့ AI က
ယူဆပါတယ်။ နောက်တရက် ဖြစ်တဲ့ သြဂုတ်
လ ၂၆ ရက်နေ့ မှာ မြိုသူကြီး ကျေးရွာ မှ ဟိန္ဒူ.
ဘာသာဝင် ခြောက်ဦးကို အာဆာက ထပ်မံ
သတ်ဖြတ်ခဲ့တယ်လို့ AI ရဲ့ အစီရင်ခံစာ အသစ်
မှာ ဖေါ်ပြထားပါတယ်။ ထို့ အတွက် စုစုပေါင်း
၁၀၅ ဦး ခန့် သေဆုံးခဲ့တယ်လို့ ယုံကြည်ရ
ပါတယ်။

နောက်ထပ် ရရှိတဲ့ သတင်းများကတော့
အဓမ္မ ပြု ကျင့်ခံရတဲ့ အမျိုးသမီးများ ယခု အချိန်
တွင် မွေးဖွားရန် အချိန်ရောက်နေပြီ ဖြစ်သ
ဖြင့် နယ်ခြားမဲ့ ဆရာဝန်များက စာရင်းကောက်
ခံခဲရာ ၁၆၀ သာ တွေ့ ရှိခဲ့ရပြီး ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ကို တိုင်ကြားထားတဲ့
အမှူပေါင်းက ၁၃,၅၀၀ ဖြစ်ပါတယ်။

ဒဒုက္ခသည် စခန်းများအတွင်း ၂၀၁၈ တွင်
ကလေး ငါးသောင်းခန့် တိုးပွားလာဖွယ် ရှိတယ်
လို့ ခန့် မှန်းနေကြပါတယ်။

လှစိုး​ဝေ

ကိုးကား။  ။ AP / The Washington Post /
Aljazeera
https://www.amnesty.org/en/latest/news/2018/05/myanmar-new-evidence-reveals-rohingya-armed-group-massacred-scores-in-rakhine-state/

No comments:

Post a Comment