Latest News

Thursday, May 17, 2018

အင်ပါယာ များ ပြိုကွဲခြင်း၊ သံကန့်လန်ကာ ကြီး နောက်ကွယ် နှင့် 9/11 အလွန် စစ်ပွဲများ


ပြီးခဲ့သည့် ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် အင်ပိုင်ယာ များ ပြိုကွဲခဲ့ရခြင်း၊ တော်လှန်ရေးများ ဖြစ်ပေါ်လာရခြင်းနှင့် အတူ လူမှု အဖွဲ့အစည်းများ အား ကြီးစွာသော ပြောင်းလဲမှု ဖြစ်လာစေခဲ့ရသည်။

လက်ရှိ နှစ်ဆယ်တစ်ရာစု အတွင်း ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့ရသည့် တွန်းကန်အားများလည်း ဖြစ်ခဲ့ရသည်။

ထို့အတွက် လက်ရှိ ကမ္ဘာအခြေအနေကို အပြည့်အ၀ ဖြင့် နားလည် နိုင်စေရန် အဆိုပါ အဖြစ်အပျက်များကို သေချာစေငုစွာ သုံးသပ်နိုင်မှသာ ဖြစ်ပေမည်။

ထို့အတွက် ဤစာအုပ်သည် မြန်မာ့ နိုင်ငံရေး နှင့် ကမ္ဘာ့နိုင်ငံရေး ကို မျက်ခြေမပြတ် လေ့လာနေသူများအတွက် တထိုင်တည်း ဖတ်ယုံဖြင့် ကြီးမားလှသော အထောက်အကူ ဗဟုသုတ များ ရရှိနိုင်စေရန် ရည်ရွယ် ပြီး တိုတိုရှင်းရှင်း နှင့် ပြုစုထားခြင်း ဖြစ်ပါသည်။

အခန်း (၁)

အင်ပိုင်ယာ များ ပြိုကွဲလာခြင်း

အပိုင်း(၁) ပျောက်ကြား စစ်ဆင်ရေး နှင့် အသေးစား ပဋိပက္ခ များ
- ကင်ညာ
- မာလာယာ (မလေးရှား)
- ပါလက်စတိုင်း
- အင်ဒိုနီရှား
- အင်ဂိုလာ

အပိုင်း (၂) ကြောက်မက်ဖွယ် စစ်ပွဲ ကြီး များ
- အင်ဒိုချိုင်းနား
- ဒိန်ဗင်ဖူး တိုက်ပွဲကြီး
- အယ်လ်ဂျီရီယား
- သုံးသပ်ချက်

အခန်း (၂)

သံကန့်လန့်ကာကြီး ကျဆင်းလာရခြင်း

- စစ်အေးတိုက်ပွဲကြီး၏ မူလ အစ
- စစ်အေး တိုက်ပွဲကြီး အဆင့်ဆင့် ဖြစ်ပေါ်လာပုံ
- စစ်အေးတိုက်ပွဲ နှင့် ဆိုဗီယက်-အမေရိကန် ဆက်ဆံရေး
- ဥရောပ ရှိ စစ်အေးတိုက်ပွဲ များ
- အာရှ ရှိ စစ်အေးတိုက်ပွဲများ
- တတိယ ကမ္ဘာ နိုင်ငံ များ၏ ရုန်းကန် လှုပ်ရှားမှုများ
- တင်းမာမှု လျော့ပါးလာခဲ့မှုနှင့် စစ်အေးတိုက်ပွဲ ဒုတိယ အကြိမ် ဖြစ်ပေါ်လာခဲ့ခြင်း
- ဂေါ်ဘာချော့ နှင့် စစ်အေး တိုက်ပွဲ နိဂုံးချုပ်သွားခဲ့ရခြင်း

အခန်း (၃)

အရှေ့ အလယ်ပိုင်း ပြဿနာ (၁၉၄၅-၁၉၉၃)
အာရပ်-အစ္စရေး စစ်ပွဲများ
- ၁၉၄၈ စစ်ပွဲ
- ၁၉၅၆ စစ်ပွဲ
- ၁၉၆၇ စစ်ပွဲ
- ၁၉၇၃ စစ်ပွဲ
- ၁၉၈၂ လက်ဘနွန် စစ်ပွဲ
- အီရန်-အီရတ် စစ်ပွဲ

အခန်း (၄)

ကမ္ဘာစနစ် သစ်တရပ် ပေါ်ထွန်းလာခဲ့ရခြင်း နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲများ
- ၁၉၉၀ နှစ်များ အတွင်း ပြည်တွင်း စစ်ပွဲများ
- နိုင်ငံတကာမှ ၀င်ရောက် စွက်ဖက်မှုများ နှင့် အမျိုးသား အချုပ်အခြာ အာဏာ
- ဘောလ်ကန် စစ်ပွဲများ
- အာဖရိက စစ်ပွဲများ
- ဆိုမာလီယာ
- ရ၀မ်ဒါ
- ကွန်ဂို
- ဆူဒန်
- ပင်လယ်ကွေ့ စစ်ပွဲများ နှင့် အကြမ်းဖက်ဝါဒ ခေါင်းထောင်လာခြင်း
- ပထမ ပင်လယ်ကွေ့ စစ်ပွဲ
- အယ်လ်ကိုင်ဒါ
- ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲ

အခန်း (၅)

9/11 အလွန် စစ်ပွဲများ
- အာဖရိက
- လူ့အဖွဲ့အစည်းများ၏ ပဋိပက္ခ
- ပြည်တွင်း မငြိမ်သက်မှုများ နှင့် ပြည်ပ စွက်ဖက်မှုများ
- နိုင်ငံကြီးများမှ အင်အား ဖြန့်ကျက်ချလာခဲ့မှု
- နိဂုံး

နှင်းဆီဖြူ စာအုပ်တိုက် မှ တာဝန်ယူ ရိုက်နှိပ်ပြီး ရုပ်ပြောင်စာပေ မှ မကြာမီ အတွင်း မဟာ တို၏ ကျဆုံးခန်း (စတုတ္ထတွဲ) နှင့် အတူ ဖြန့်ချီ ပါမည်။

စာဖတ်သူတိုင်း အား လေးစားလျက်

လှစိုး​ဝေ

No comments:

Post a Comment