Latest News

Friday, April 27, 2018

ငဖဲမြို့နယ်တွင် တရားမ၀င် ၀င်ရောက်လာသူ(၁၄)ဦးအားဖမ်းဆီးရမိ

ငဖဲမြို့နယ်တွင် တရားမ၀င် ၀င်ရောက်လာသူ(၁၄)ဦးအားဖမ်းဆီးရမိ

ငဖဲ   ဧပြီ   ၂၆

မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ် ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၂၅၃/၀မိုင်အနီးတွင် ၂၀၁၈ခုနှစ် ဧပြီလ ၂၅ရက်နေ့ ညပိုင်းကတရားမ၀င် ၀င်ရောက်လာသူ  (၁၄)ဦးအားဖမ်းဆီးရမိခဲ့ကြောင်းငဖဲမြို့မရဲစခန်းမှ သိရသည်။

ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်ကျော်ဇေယျနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ငဖဲမြို့နယ် သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စည်သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ၂၀၁၈ခုနှစ် ဧပြီလ ၂၅ရက်နေ့ည ၈နာရီအချိန်မှစ၍ ပုသိမ်-မုံရွာကားလမ်းတစ်လျှောက် တရားမ၀င် ၀င်ရောက်လာသူများဝင်ရောက်ဖြတ်သန်းသွားလာမှု မရှိစေရေးအတွက် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ည ၁၀နာရီ ၁၀မိနစ်အချိန်ခန့်က ငဖဲမြို့နယ်၊ စည်သာကျေးရွာ၏ အရှေ့ဘက် (၁)ဖာလုံခန့်အကွာပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၂၅၃/၀မိုင်အနီး ကားလမ်း၏အရှေ့ဘက် ကားလမ်းဘေးတွင် ထိုင်နေသည့်လူများအား တွေ့ရှိရသဖြင့် စစ်ဆေးရာကျောက်တော်မြို့နယ်၊ အင်ဘာရီကျေးရွာနေ မာမွတ်နော်စိမ်း၊(သ)၂၉နှစ်၊ (ဘ)ဦးမာမတ်အာမိန်းပါဝင်သော အမျိုးသား(၉)ဦး၊အမျိုးသမီး(၅)ဦးစုစုပေါင်း (၁၄)ဦးအားဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိသောတရားမ၀င် ၀င်ရောက်လာသူ(၁၄)ဦးအား ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ၆(၃)ဖြင့် ငဖဲမြို့မရဲစခန်းတွင် တရားစွဲတင်နိုင်ရန် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

သန်းနိုင်ဦး(ငဖဲ)မြန်​မာ့အလင်း

No comments:

Post a Comment