Latest News

Friday, April 6, 2018

ပြန်ကြားရေးက အပြောတစ်မျိုး အလုပ်တစ်မျိုးလား

ပြန်ကြားရေးက အပြောတစ်မျိုး အလုပ်တစ်မျိုးလား


နိုင်ငံတော်သမ္မတဦးဝင်းမြင့် ရာထူးတာဝန်စတင်ထမ်းဆောင်
သည့်အထိမ်းအမှတ်တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ
ကို မြန်မာ့ရုပ်မြင်သံကြားအပါအ၀င် ရုပ်မြင်သံကြားလိုင်းများမှ
တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း ဧပြီလ(၆)ရက်နေ့ထုတ်
အစိုးရသတင်းစာများတွင် မျက်နှာဖုံးမှ တစ်ခမ်းတစ်နားဖော်
ပြခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားတွင် ကြည့်နေစဉ် ရုတ်တရက်
ကြော်ငြာဝင်လာပြီး၊ အကျိုးပြုသီချင်းများဆက်တိုက်ထုတ်လွှင့်
ရင်း ဂုဏ်ပြုညစာစားပွဲအစီအစဉ်သည် ပျောက်ချင်းမလှပျောက်
သွားခဲ့သည်။ ပြည်သူ၊ ပရိသတ်ကို အကြောင်းတစ်စုံတစ်ရာအသိ
ပေးခြင်းမရှိ။ ထုတ်လွှင့်မှုကို ရပ်တန့်ခဲ့ခြင်းသည် ပြည်သူကိုအလေး
မထားရာရောက်နိုင်သည်ကို တွေးမိလိမ့်မည်ဟုထင်မိပါသည်။

အကယ်စင်စစ် ပရိသတ်ပြည်သူလူထုကို ကြိုတင်အသိပေးအ
ကြောင်းကြားပြီးမှသာ အစီအစဉ်ကို အပြီးသတ်သည်ကပိုမိုသင့်
တော်မည်ဟုထင်မြင်မိပါသည်။ ပရိသတ်ပြည်သူအများစုသည်
မည်သည့်အကြောင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုရပ်တန့်သွား
သည်ကို မသိရှိကြရပေ။

စိတ်ဝင်တစားစောင့်ကြည့်နေသောပြည်သူများကို အလေးမထား
ရာရောက်သည့်အပြုအမူသည် ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲထုတ်
လွှင့်နေသည့် မြန်မာ့ရုပ်မြင်သံကြားကဲ့သို့ဌာနမျိုးအနေဖြင့် အထူး
သတိထားရန်လိုအပ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနတွင်လည်း
တာဝန်ရှိပါသည်။ ပရိသတ်ပြည်သူလူထုကို အကျိုးအကြောင်းရှင်း
ပြပြီး၊ အမြန်ဆုံးတောင်းပန်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ

No comments:

Post a Comment