Latest News

Friday, April 27, 2018

၃၈ မျဉ်း ပြိုင် ထိပ်သီးဆွေးနွေးပွဲ


မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျောင်အန်းမှ မနေ့ က ဧပြီလ ၂၇ ရက်နေ့တွင် တောင်ကို
ရီယား သမ္မတ မွန်ဂျေးအင် နှင့် ၃၈ မျဉ်းပြိုင်ဟုနာမည်ကြီးခဲ့သည် ကိုရီယား စစ်မဲ့ဇုံ ဒေသတွင်
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ထို ဖြစ်စဉ်ကြောင့်ကငိဂျောင်အန်းကို လျော့တွက်ခဲ့ကြတဲ့ ကမ္ဘာ
နိုင်ငံရေး က္ဈမ်းကျင်သူ ဂုရု ကြီးများအားလုံးမျက်လုံး ပြူးသွားခဲ့ကြရပါတယ်။

လွန်ခဲ့သော ခြောက်လခန့် က ထိုသို့ ဖြစ်လာလိမ့်မည်ဟု လောင်းကြေးထပ်ရဲခဲ့သူပင် ရှိမယ်
မထင်တဲ့ အနေအထား ကို တွေ့ရမှာ ဖြစ်ပါတယ်။ ယယခု အခါ ထင်မထားလောက်အောင်
ပင် ကင်ဂျောင်အန်း က သံခင်းတမန်ခင်း ကကွက် စုံလင်စွာနဲ့ တောင်ကိုရီယား သာမက
အမေရိကန် နဲ့ တရုတ် ကို ပါ နှစ်ပါးသွားဖို့လုပ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခု ထိပ်သီးချင်း တွေ့ဆုံပွဲက ကိုရီယား နှစ်နိုင်ငံ အကြား တရားဝင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို
နိုင်ဖို့ အဓိက ထား.ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။၁၁၉၅၃ ကိုရီယား က္ဈန်းဆွယ်ကြီး စစ်မီး ငြိမ်း
သွား ပြီးကတဲက ချုပ်ဆိုရန် ရှိပေမယ့် အင်အားကြီးနိုင်ငံများ အားပြိုင်လာမှုကြောင့် အပြစ်
အခတ် ရပ်စဲရေး အဆင့်ပဲ ရှိနေခဲ့ပါတယ်။ ထို့အတွက်လည်း ယခုအချိန်အထိ ကိုရီယားက္ဈန်း
ဆွယ် တွင် ခါးသီးလှတဲ့ အကွဲအပြဲတွေ အမြစ်တွယ်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲ ရဲ့ နောက်ရည်ရွယ်ချက်တခုကတော့ လာမယ် မေလကုန်
သို့မဟုတ် ဇွန်လစောစောပိုင်း လောက်မှာကင်ဂျောင်အန်း နဲ့ ဒေါ်နယ်ထရန့် တို့ တွေဆုံ
နိုင်ရေး အဆင်ပြေချောမွေ့စေအောင် လမ်းခင်းပေးဖို့ လည်း ဖြစ်ပါတယ်။ (ယခုအချိန်အထိ နေ့
ရက် နဲ့ နေရာ ကို ကြေငြာနိုင်ခြင်း မရှိသေးပါဖူး)

သို့သော်လည်း မြောက်ကိုရီယား ခေါင်းဆောင်နဲ့ အမေရိကန် သမ္မတ တို့ တွေ့ဆုံဖို့ ဖြစ်လာ
တာကို မျက်လုံးတွေ ပွတ်ပြီး မယုံနိုင်အောင်ဖြစ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်က သူတို့နှစ်ဦးအကြားညူကလီယား ခလုတ် သူကြီးတယ် ငါကြီးတယ်
နဲ့ လူသိရှင်ကြား ငြင်းခုံပြောဆိုခဲ့ဖူးပြီး ပဋိပက္ခဖြစ်လုနီး အခြေအနေထိ ဆိုက်ရောက်လာခဲ့ပါတယ်။
အခုလို ကင်-ထရန် အချစ်ကို ကြိုတင်ရိပ်မိတဲ့ တရုတ် သမ္မတ စီ က မတ်လကုန်ပိုင်းလောက်မှာ သံချပ်ကာ အပြည့် ကာထားတဲ့ မီးရထား နဲ့ ၎င်းရဲ့ ပထမဆုံး ပြည်ပခရီးစဉ် အဖြစါ ဆိုက်ရောက်လာတဲ့
ကင်ဂျောင်အန်းကို ကော်ဇော်နီ ခင်းကာ ကြိုဆိုခဲ့ပါတယ်။

(ကင် မင်းဆက် ၀င်များ လေယာဉ်ပျံ စီးကာ ခရီးထွက်လေ့ မရှိပါဖူး) ။ ထိုအချိန်မတိုင်မီ အထိ တရုတ် နဲ့
 မြောက်ကိုရီယားဆက်ဆံရေးသည် ကိုရီယား စစ်ပွဲ ပြီးဆုံးချိန်မှစ၍ ဆိုရက အဆိုးဆုံး အခြေအနေ ရောက်ရှိနေခဲ့ရပါတယ်။ စီ အနေနဲ့ ကင်ဂျောင်အန်းရဲ့လုပ်ပေါက်တွေ အပေါ် အတော်ကို ဒေါသူပုန်ထခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး လေ့လာသူများ အဖို့ အံ့သြမှု များကအဆုံးမသတ်နိုင်သေးပေ။ စီအိုင်အေ ညွန်ကြား
ရေးမှုး (နိုင်ငံခြားရေး ၀န်ကြီးလောင်း) မိုက် ပွန်ပီယို သည် အီစတာ ဟော်လီဒေးရက် က ကင်
ဂျောင်အန်း အား လျို့ဝှက်စွာ သွားရောက်တွေဆုံခဲ့ပါတယ်။ ရလာဒ် အဖြစ် အမေရိကန် နဲ့
မြောက်ကိုရီယား အကြား အထက်တန်း အရာရှိ များ ဆွေးနွေးပွဲတွေ ပြု လုပ်နေပါတယ်။
ပိုပြီး သိသာ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ဧပြီလ ၂၀ ရက်နေ့ မှာ မြောက်ကိုရီယား ခေါင်း
ဆောင်မှ ညူကလီယား နဲ့ တာဝေးပြစ် ဒုံးကျည်များ စမ်းသပ်မှု အားလုံးကို ရပ်စဲ ပြစ်မယ်လို့
ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းပါပဲ။

ထိုစကား အတည်ဖြစ်မဖြစ် စောင့်ကြည့်ရန်မလိုပဲ နားကို ဂွမ်းဆီ ထိသလို ချိုမြသွားရသူ
ကတော့ ထရန့်ပဲ ဖြစ်ပါတယ်။ ချက်ခြင်းဆိုသလို "Big progress" လို့ tweet လိုက်ပါ
တယ်။ ထရန့် အနေနဲ့ တောင် နှင့် မြောက်ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီး ယခင် အပြစ်
အခတ်ရပ်စဲရေး မှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့တရုတ် နှင့် အမေရိကန်တို့ မှ နေပြီး အာမခံ
ပေးမယ့် သဘောတူညီချက်မျိုး ရဖို့ မျော်လင့်နေပါတယ်။ ဒီအတွက် ကင်ဂျောင်အန်း အနေနဲ့
ညူ ကလီယား လက်နက်များ စွန့်လွှတ်ရေးသဘောတူညီပေးရဖို့ ရှိနေပါတယ်။ ထိုအခါ
မြောက်ပေါ် နိုင်ငံတကာ ပိတ်ဆို့မှုများအားအမေရိကန် ဦးဆောင်ပြီး စတင်ဖြေလျော့ ပေး
လာမှာ ဖြစ်ပါတယ်။

သို့သော် ဤသည်ကား ထရန့် အတွက် ဆင်ထားတဲ့ ထောင်ချောက်တခု ဖြစ်လာနိုင်ပါတယ်။
ကင်ဂျောင်အန်း အနေနဲ့ ၎င်း မှာ ရှိထားပြီးသားညူ လက်နက်များအား မည်သည့်နည်းနှင့်မျ
စွန့်လွှတ်မယ့် အလားအလာ မရှိပါဖူး။

ဒီအတွက် ကင်ဂျောင်အန်း အနေနဲ့ လပေါင်းများစွာကတည်းက အကွက်ချ စီမံခဲ့ပြီး ဖြစ်ပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ကိုရီယားက္ဈန်းဆွယ် မှာ တင်းမာမှု အရှိန် အမြင့်ဆုံးကို
ရောက်ရှိသွားခဲ့ပါတယ်။ မြောက်ကိုရီယားမှ တတိယ အကြိမ်မြောက် တိုက်ချင်းပြစ် ပဲ့ထိန်း
တပ် ဒုံးကျည်ကို စမ်းသပ် ပြစ်လွှတ်ခဲ့စဉ်က ဖြစ်ပါတယ်။ ၀ါရှင်တန် တွင်လည်း ထရန် အခေါ်
Little Rocket Man ကို အမှုန့်ခြေပြစ်ဖို့ ပြောဆိုခဲ့ကြပါတယ်။ လေ့လာသူတွေက ဒုတိယ
ကိုရီးယား က္ဈန်းဆွယ် စစ်ပွဲကြီး ဖြစ်လောက်တဲ့အထိ ထရန့် မိုက်ရူးရဲ နိုင်ပ့ါမလားလို့ တီးတိုး
ရေရွတ်ရသည့်အထိ ဖြစ်ခဲ့ပါတယ်။

စမ်းသပ်ပြီးလျင် ပြီးချင်းပဲ ကင်ဂျောင်အန်းမှ အထွတ်အမြတ် တန်ဖိုး ထားတဲ့ ရည်မှန်းချက်
ဖြစ်တဲ့ "နိုင်ငံတော် ညူ ကလီယား တပ်ကြီး" ဖွဲ့စည်း အောင် မြင်သွားပြီ လို့ ကြေငြာခဲ့ပါတယ်
ယင်းကြေငြာချက်နဲ့ အတူ စမ်းသပ်ပြစ်ခတ်မှုအားလုံး ရပ်စဲသွားခဲ့ပါတယ်။
ထရန်ကတော့ စီးပွားရေး ဒဏ်ခတ်မှုများနဲ့ သူရဲု့ခြိမ်းခြောက်မှုတွေကြောင့် ရပ်တန့် သွားရတာ
ဖြစ်တယ်လို့ ပြောလာပါတယ်။

သို့သော်လည်း နောက်ပိုင်းမှာ ကင် ကသံတမန်ရေး ဘက်မှာ ဇတ်ရှိန်မြှင့်ဖို့ ကြိုးစား
လာခဲ့ပြီး တောင်ကိုရီယားရဲ့ K-Pop တေးဂီတအဖွဲ့ကို ပြုံယမ်းမှာ လာရောက် ဖျော်ဖြေဖို့ ဖိတ်
ခေါ်ခဲ့ပါတယ်။

အခုလို ပါးနပ်လိမ္မာစွာ ဆောင်ရွက်နိုင်ခဲ့မှုကိုကြည့်ပြီး အရင်က ၎င်းအပေါ် သုံးသပ်မှုတွေ
ကို ပြန်လည် ဆန်းစစ်ဖို့ လိုလာခဲ့ပြီ ဖြစ်ပါတယ်။

၎င်းရဲ့ မွေးနေ့ သက္ကရာဇ် ကို အတိအကျ မသိနိုင်သေးတာမို့ အသက် ၂၉, ၂၈, ၂၇ နှစ်ထဲ
မှာ ဖခင် ဖြစ်သူ ၂၀၁၁ အကုန်မှာ နှလုံးရောဂါ နဲ့ ကွယ်လွန်သွားမှု နဲ့ အတူ အာဏာရလာခဲ့သူ ဖြစ်ပါတယ်။
ဆွစ်ဇာလန် မှာ ပညာ သင်ကြားခဲ့သူ ဖြစ်လို့အာဏာရှင် တယောက်လည်း ဖြစ်ဖို့ ခဲယဉ်း
တယ်လို့ ယူဆခြင်း ခံခဲ့ရပါတယ်။ အတွေ့အကြုံကလည်း မရှိသေးတဲ့ အတွက် ဖခင်ရဲ့ အတွင်း
စည်းဝိုင်းထဲရှိ ထင်ရှားကျော်ကြားသူများကအာဏာကို ဆုပ်ကိုင်ကာ စီမံ အုပ်ချုပ်ခဲ့ကြပါ
တယ်။ သူ့အဖို့ကတော့ နန်းတော်အတွင်း သက်တောင့်သက်သာ နဲ့ နေရတဲ့ အပြင် တနိုင်ငံလုံး
သေဆိုသေ ရှင်ဆိုရှင် ဘ၀ နဲ့ နေကြရပါတယ်။

သို့သော် အိပ်ကောင်းခြင်း တော့ မရှိနူိင်ခဲ့ပဲသူသာ အာဏာလက်လွတ် ဖြစ်သွားခဲ့ရင်
ကဒါဖီလို ဘ၀မျိုး ရောက်သွားနိုင်တယ်ဆိုတာသိမြင်ထားပြီး ဖြစ်သောကြောင့်ပင်။ ဒီလို ဖြစ်
မသွားရအောင် သူ့အနေနဲ့ အစွမ်းကုန် ကာကွယ်သွားရဖို့ ဖြစ်လာပါတယ်။ အဖိုးဖြစ်သူ
ကင်အီဆွန်း နဲ့ ဖခင် နှစ်ဦးစလုံးကလည်းသူ့လိုပဲ ငယ်ငယိရွယ်ရွယ် နဲ့ မြင့်မားလှတဲ့
ရာထူးကြီးတွေ ဆွဲကိုင်ထားရင်း သွေးရိုးသားရိုးရောဂါများနဲ့ပဲ သေဆုံးသွားခဲ့သူများ ဖြစ်ပါတယ်။

၎င်းရဲ့ အုပ်ချုပ်ပုံကလည်း ယခင် အတိုင်းပဲဖြစ်ပါတယ်။ အဆင့်မြင့်အရာရှိကြီးများအား
သန့်စင်ပြစ်ခြင်း၊ ဖိနှိပ်ထားခြင်း၊ အောက်ခြေလူတန်းစားများအား စီးပွားရေး လွတ်လပ်ခွင့်
ပေးခြင်း နှင့် ညူကလီယား လက်နက်များ လက်ဝယ် ရှိရေး ကြိုးပမ်းခြင်းတို့က နေ ထူးခြားလာခဲ့
ခြင်း မရှိလှတာ တွေ့ရပါတယ်။

သူ့ကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်များကိုလည်း အစကတည်းက ဖယ်ရှားသုတ်သင်ခဲ့
ပါတယ်။ ၂၀၁၃ တွင် ဦးလေး ဖြစ်သူ ဂျန်ဆွန်သက်ကို ကွပ်မျက်ခဲ့ပြီး အကို ဖြစ်သူ ကင်ဂျောင်
ဆန် ကို မလေးရှား လေဆိပ်မှာ လုပ်ကြံစေခဲ့ပါတယ်။

သူရဲ့ မဟာဗျု ဟာကတော့ လူထုရဲ့ စိတ်နှလုံးကို အကြောက်တရား နဲ့ ဖုန်းလွှမ်းစေပြီး ၀မ်း
ဗိုက်ထဲ အစာ သွတ်သွင်းပေးရေးပဲ ဖြစ်ပါတယ်။ထို့ အတွက် အရင်းရှင် ၀ါဒ ပေါက်စနလေးများ
ကို အားပေး အားမြှောက် ပြုလာခဲ့ပါတယ်။ သူ့ဖခင် လက်ထက်ကလို မဟုတ်ပဲ ပုဂ္ဂုလိက ကုန်
သွယ်မှု တွေကို အရေးယူ အပြစ်ပေးခြင်း မလုပ်ခဲ့ပါဖူး။ နိုင်ငံပိုင် လုပ်ငန်းတွေလည်း ကိုယ်ပိုင်
စီရင် ပြဌာန်ုးခွင့် ရလာခဲ့ပါတယ်။ ပုဂ္ဂလိကပေးလိုက်တဲ့ သဘောမျိုးပင် ပြောလို့ ရပါတယ်။

ထို့အတွက် ပျက်ယွင်းပြိုလဲနေတဲ့ စီးပွားရေးကတိုးတက်လာဖို့ လမ်းစတွေ သိသိသာသာ ပွင့်
လာခဲ့ရပါတယ်။

ပြည်တွင်းရှိ ၎င်း၏ တတိယမြောက် မူဝါဒဖြစ်တဲ့ ညူကလီယား စွမ်းရည်ကို လျော့မတွက်
မိဖို့လည်း အရေးကြီးပါတယ်။ တိုင်းပြည်လူထုအပေါ် ဆက်လက်ဝါဒ ဖြန့်နိုင်ရေး နဲ့ စစ်တပ်၏
ဂုဏ်သိက္ခာ ကို ထိမ်းသိမ်းထားနိုင်ရေး သည်ညူကလီယား အပေါ် အဓိက တည်မှီနေပြန်
ပါတယ်။

၎င်းအနေနဲ့ က စစ်တပ်ရှိ ဗိုလိချုပ်ကြီးများအားအမေရိကားထက် ပ်ုပြီး ကြောက်ရွံ့ ရမယ့် အ
လားအလာ ရှိနေတာကြောင့် ညူ လက်နက်များကို အပေးအယူ ပြုလုပ်ပြီး စွန့်လွှတ်ပြစ်ရဲမယ့် သဘော
မတွေ့ရပါဖူး။

သို့သော်လည်း စီးပွားရေး ဒဏ်ခတ်ထားမှုများက စတင်ပြီး ထိခိုက်စ ပြု လာနေပြီလည်း ဖြစ်
ပါတယ်။ ကင် အနေနဲ့ ညူ ကလီယား လက်နက် ထုတ်လုပ်ရေး မှ စီးပွားရေး ဖွံ့ဖြိုးလာဖို့
ဇောက်ချ ပြုလုပ်လာချင်တဲ့ သဘောရှိနေပါတယ်

ဒီအတွက် မွန်း တို့ စီတို့ ထရန် တို့ကို သူရဲ့ကကွက် အတိုင်း တသွေမတိမ်း လိုက်ကနိုင်
အောင် ထိမ်းထားနိုင်မှ ဖြစ်ပြီး ဒီအတွက်ထိပ်သီး ဆွေးနွေးပွဲကနေ စ သွား ရဖို့ ဖြစ်လာ
ပါတယ်။

သို့သော်လည်း အဆိုပါ ကကွက်များက ဘယ်ပုံဘယ်နည်း အဆုံးသတ်မလဲဆိုတာတော့ ဘယ်
သူမှ ကွဲကွဲပြားပြား မခန့် မှန်း နိုင်ကြသေးပါဖူး။

သေခြာတာတခုကတော့ သူရဲ့ ကကြိုးကကွက်များကို ပိုပြီး အထပ်ထပ် လေ့ကျင့်ထားမှာ ဖြစ်
တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့တကွက် မှားရင် ပေးဆပ်သွားရဖို့ ရှိနေတာက
သူကိုယ်တိုင်ပဲ ဖြစ်နေတာမို့ပါ။
လှစိုးဝေ

( ဧပြီလ ၂၆ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းပါ "North Korea's despot has one goal : survival" ဆောင်းပါးအားပြန်လည် ထုတ်နှုတ် တင်ပြပါတယ်)

No comments:

Post a Comment