Latest News

Saturday, April 28, 2018

ပုသိမ်မြို့ ဥမ္မဒန္တီပန်းဆက်လမ်းမကြီးဘေးမီးလောင်မှုဖြစ်

ပုသိမ်မြို့ ဥမ္မဒန္တီပန်းဆက်လမ်းမကြီးဘေးမီးလောင်မှုဖြစ်


ပုသိမ်၊ ဧပြီ ၂၈ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၄) ရပ်ကွက်တွင် ဧပြီလ ၂၈ ရက်နေ့(ယနေ့) ညနေပိုင်းတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရသည်။

ဥမ္မဒန္တီ ပန်းဆက်လမ်းမကြီးဘေးလယ်ကွင်းများမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ (ယနေ့) ညနေ ၄ နာရီအချိန်တွင် မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၇ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးငြိမ်သတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် (၃) လုံး၊ ဘုန်းကြီးကျောင်း
(အနည်းငယ်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါမီးလောင်းကျွမ်းမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန် ရှိသူများမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ၂၀၁၈ ခုနှစ်၊ မတ်လ တွင်လည်း ပုသိမ်မြို့၊ မြကျွန်းသာအိမ်ယာနောက်ဘက်ခြမ်း လယ်ကွင်းများတွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း- တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment