Latest News

Friday, April 27, 2018

ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း ငွေဆောင် အပန်းဖြေဆင်စခန်းဖွင့်လှစ်

ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း ငွေဆောင် အပန်းဖြေဆင်စခန်းဖွင့်လှစ်



ပုသိမ်   ဧပြီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ပုသိမ်သစ်ထုတ် လုပ်ရေးဒေသ  မိုင်တိုင် ( ၁၉/၀)ရှိ ဌာနပိုင် ငွေဆောင်ဆင်စခန်း၌ အပန်းဖြေဆင်စခန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းကအဆိုပါဆင်
စခန်းတွင် ကျင်းပသည်။

ရှေးဦးစွာတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းဒုတိယအထွေထွေမန်နေဂျာ ဦးမိုးလွင်က မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန၏ ဆင်ထိန်းသိမ်း စောင့် ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းစတင်ဆောင်ရွက်ခဲ့မှု များlရည်ရွယ်ချက်များl ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းများ၏ အခြေအနေနှင့် ( ၂ ) နှစ်အတွင်း ဝင်​ငွေရရှိမှု lတိုးချဲ့ဆောင်ရွက်မည်အစီအစဉ်များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးပုသိမ်သစ်ထုတ်ရေးဒေသ မန်နေဂျာ ဦးကျော်စွာဝင်းက အပန်းဖြေဆင်စခန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များl စခန်းတည်နေရာl အကျယ်အဝန်းl လာရောက်လေ့လာနိုင်သည့်နည်းလမ်းများl စခန်း၏ နေ့စဉ်ဆောင်ရွက်မှု့များနှင့်ဝန်ဆောင်မှုများl ဆင်များနှင့်ထိတွေ့ ဆက်ဆံရာတွင်လိုက်နာရမည့်အချက်များl စခန်းတွင်ထားရှိသည့်ဝန်ထမ်းဦးရေ နှင့်ဆင်ကောင်ရေl ဆင်စခန်းထပ်မံတိုးချဲ့ဆောင်ရွက်မည့် ဝန်ဆောင်မှုအစီအစဉ်များရှင်းလင်းဆွေးနွေးပြောကြားသည်။ ၎င်းနောက်ဖွင့်ပွဲသို့တက်ရောက်လာကြသူများအား ဆင်များ၏ လိမ္မာ ယဉ်ကျေးသည့်ပြကွက်များပြသခြင်းlဆင်များအားကိုယ်တိုင်အစာကျွေးခြင်း ဆင်ချစ်သူများက အမှတ်တရလက်မှတ်ရေးထိုးခြင်းများပြုလုပ် ခဲ့ကြောင်းသိရသည်။အပန်းဖြေဆင်စခန်း ဆင်   (  ၅    )ကောင်ရှိပြီးl ယခုဆင်စခန်းသည် တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ၏၃-ခုမြောက် ဆင်စခန်းဖြစ်ပြီးlတစ်နိုင်ငံလုံးအနေဖြင့်  ၁၉  -ခုမြောက် ဌာနပိုင်ဆင်စခန်းဖြစ်ကြောင်း သိရသည်။ ဆင်စခန်းဖွင့်ပွဲသို့ တိုင်းမြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာဦး
မိုးလွင်နှင့်တာဝန်ရှိသူများl စခန်းတာဝန်ခံ ဦးသူရထွန်း နှင့်ဝန်ထမ်းများl ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ငွေဆောင် အပန်းဖြေဆင်စခန်နှင့်ပတ်သက်၍ ဆက်သွယ်လိုပါက  စခန်းတာဝန်ခံ ဦးသူရထွန်း ဖုန်း၀၉ ၄၃၀၁၉၅၇၂  ဒေါ်စုမြတ်နိုင် ဖုန်း၀၉၉၇၅၄၂၄၈၇၂l ဦးသိန်းဇော် ဖုန်း ၀၉၇၈၀၈၀၈၃၉၂  သိုဆက်သွယ်နိုင်ကြောင်းသိရသည်။

မောင်မောင်မြင့် ( ပြန် /ဆက် )

No comments:

Post a Comment