Latest News

Sunday, April 1, 2018

မြောင်းမြကြိုးတံတား ကျိုးရာတွင် ​​ပျောက်​ဆုံးသူ နှစ်​ဦးအနက်​ ​သေဆုံးသူတစ်ဦး ဆယ်ယူရရှိ

မြောင်းမြကြိုးတံတား ကျိုးရာတွင် ​​ပျောက်​ဆုံးသူ နှစ်​ဦးအနက်​ ​သေဆုံးသူတစ်ဦး ဆယ်ယူရရှိ
မြောင်းမြကြိုးတံတား ကျိုးရာတွင် ​​ပျောက်​ဆုံးသူ နှစ်​ဦးအနက်​ ​သေဆုံးသူတစ်ဦး ဆယ်ယူရရှိ

မြောင်းမြကြိုးတံတား ကျိုးပျက်မှုတွင် ပါဝင်သွားသည့် ကုန်တင်ယာဉ်ကားပေါ်မှ နှစ်ဦးအနက် သေဆုံးသူတစ်ဦး ယာဉ်မောင်း မဲကြီး(ခ)သန်းဇော်ထက်၏အလောင်းကို ယနေ့ ညနေ၅နာရီ ၃၈မိနစ်က ဆယ်ယူရရှိခဲ့​ကြောင်း နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ ​ဖောစ်​ဘွတ်​စာမျက်​နှာတွင်​​ရေးသား​ဖော်​ပြထားသည်​။

Anchor blockအတွင်း ကြိုးပြတ်သွားသော မြောင်းမြကြိုးတံတားအား အခြေအနေအရ အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်ရန် ပုံစံသစ်ပြန်လည်ရေးဆွဲခြင်းများအား ဂျပန်ပညာရှင်များမှဆောင်ရွက်နေပြီး ပြည်ထောင်စုဆောက်လုပ်ရေး ဒုဝန်ကြီးဦးကျော်လင်းမှ ရှင်းလင်းပြောကြားတံတားပြတ်ကျချိန်တွင်ပြုတ်ကျသွားသောကားပေါ်ပါလာသူယာဉ်မောင်း၏ရုပ်အလောင်းမှာဆယ်ယူရရှိခဲ့ပြီး ကျန်တစ်ဦးအား ထပ်မံဆယ်ယူနိုင်ရန်ဆောင်ရွက်လျှက်ရှိပါတယ်ခရီးလမ်းဆက်သွယ်ရေးအတွက် မြစ်ကူးရန် ဇက်များဖြင့်ကူးပေးသွားမည်ဖြစ်ပြီး
အခက်အခဲများတတ်နိုင်သမျှနည်းစေရန် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း ဧရာဝတီတိုင်း​ဒေသကြီး လွတ်​​တော်​ ကိုယ်​စားလှယ်​ ​ဒေါ်ခိုင်​ဇင်​ဦး ​ဖောစ်​ဘွတ်​ စာမျက်​နှာတွင်​ ​ရေးသား​ဖော်​ပြထားသည်​။

မြောင်းမြကြိုးတံတားနှင့်အတူ ပြတ်ကျရာတွင် တံတားပေါ်ဖြတ်မောင်းရင်း ပါသွားသော (၆)ဘီး ကုန်တင်ယာဉ်နှင့် ယာဉ်​နောက်​လိုက်​ တဦးအား မြောင်းမြတံတားအဖွဲ့ ရေငုပ်သမားများ၊ မြောင်းမြ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်​။

အဆိုပါ တံတားကို ရေရှည်အသုံးပြုနိုင်ရေးအတွက်ဟု ရည်ရွယ်ကာ ၂၀၁၈ခုနှစ် မတ်လအတွင်းက ပြင်ဆင်ပြုပြင်မှုများကိုလည်း တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့၁မှ တာဝန်ယူကာ ပြင်ဆင်ပေးထားခဲ့သေးကြောင်းသိရသည်။

ပိုတို - နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့

လပွတ္တာမြို့ (၀၉၄၂၂၄၅၅၉၉၆)







No comments:

Post a Comment