ကသာ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ထီးချိုင့်မြို့နယ်၊ဝဲကြီးကျေးရွာအတွင်းမှ WYစိတ်ကြွဆေးပြားများအိမ်ရှင်နှင့်အတူဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁ ရက်နေ့ညနေ ၆ နာရီအချိန်ခန့်တွင်ထီးချိုင့်မြို့မ ရဲစခန်းမှနယ်ထိန်းဒုရဲအုပ်မောင်မောင်နိုင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူထီးချိုင့်မြို့နယ်၊ဝဲကြီးကျေးရွာနေ ဒေါ်သင်းမြိုင် ဆိုသူ၏နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရဝင်ရောက် ရှာဖွေရာ ဒေါ်သင်မြိုင်နှင့်အတူနေမျိုးဦးဆိုသူပါတွေ့ရှိရသဖြင့်ရှာဖွေ စစ်ဆေးခဲ့ရာဒေါ်သင်းမြိုင်ဝတ်ဆင်ထားသောအမျိုးသမီးဝတ်အတွင်းခံဘော်လီအတွင်းနှင့်နေအိမ်ခေါင်မိုးသက္ကယ်ကြားတို့မှ WYစိတ်ကြွဆေးပြား(၂၄၆)ပြားနှင့်မူးယစ်ဆေးဝါးရောင်းချရငွေဟုယူဆရသောမြန်မာငွေစက္ကူရောရာ ၂၉၀၀၀ိအားရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ ဒေါ်သင်းမြိုင်၊ဝဲကြီးကျေးရွာ၊ ထီးချိုင့်မြို့နယ်နေသူနှင့်နေမျိုးဦး၊သောင်ကြီးကျေးရွာ၊ ထီးချိုင့်မြို့နယ် နေသူတို့အားထီးချိုင့်မြို့မရဲစခန်းမှဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်းဒုရဲအုပ်မောင်မောင်နိုင်မှပြောပြသိရှိရပါသည်။
လူအောင်(ကသာ)မြန်မာ့အလင်း
No comments:
Post a Comment