Latest News

Saturday, February 3, 2018

မြေအောက် ရေနံ Gas ပိုက်လိုင်းဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာနေရာအနီးတွင် မီးလန့်မှုဖြစ်ပွား

မြေအောက် ရေနံ Gas ပိုက်လိုင်းဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာနေရာအနီးတွင် မီးလန့်မှုဖြစ်ပွား

မြန်အောင်   ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စုရွာ သစ်ကုန်းကျေးရွာနေဦးညီထွေး၏ နေအိမ်ခြံဝန်းအတွင်းမြေအောက် ရေနံ Gas ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားသောနေရာအနီးမြေပြင်တွင်ဖေဖော်ဝါရီ  ၃ ရက်နေ့ နံနက် ၀၈း၀၀ နာရီအချိန်ခန့်က မီးလန့်မှုဖြစ်ပွားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ဝေ၊ မြန်အောင်ရေနံမြေ အထွေထွေမန်နေဂျာ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသပိုင် မီးသတ် တပ်ဖွဲ့ဝင်များ ၊ရပ်ကွက်နေပြည်သူများရောက်ရှိငြိမ်းသတ်ခဲ့ရာနံနက် ၀၈း၁၀ နာရီအချိန်ခန့်ကမြေပြင်တွင် ထွက်ရှိနေသောမီးတောက်များ ငြိမ်းသွားခဲ့သည်။ မီးလန့်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်းသိရှိရသည်။
မြေအောက် ရေနံ Gas ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားသော နေရာအား မြန်အောင်ရေနံမြေအထွေထွေမန်နေဂျာဦးသာတင့် ဦးဆောင်သော ဝန်ထမ်းများက ပြန်လည်ပြုပြင်လျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းဗိုလ်  ပြန်/ဆက်

No comments:

Post a Comment