Latest News

Sunday, February 18, 2018

ရန်ကုန်မြို့အတွင်းရှိ CNGအရောင်းဆိုင် တချို့ကို မြို့ပြင်သို့ ပြောင်းရွှေ့ရန် စီစဉ်

ရန်ကုန်မြို့အတွင်းရှိ CNGအရောင်းဆိုင် တချို့ကို မြို့ပြင်သို့ ပြောင်းရွှေ့ရန် စီစဉ်

ရန်ကုန် ဖေဖော်ဝါရီ ၁၈

YBS ယာဉ်လိုင်းများ အဓိကဓာတ်ငွေ့ ဖြည့်တင်းနေသည့် CNG အရောင်းဆိုင် တချို့ကို နိုင်ငံတကာ၌ ဖွင့်လှစ်နေသော CNG အရောင်းဆိုင်များ ပုံစံအတိုင်း မြို့ပြင်သို့ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မော်တော်ယာဉ် ဓာတ်ငွေ့ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် ရန်ကုန်မြို့အတွင်းရှိ ရောင်းအားပမာဏ နည်းသောဆိုင်များကို ပြောင်းရွှေ့ ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းဆိုင်များ၌ YBS ယာဉ်များကိုသာ CNG ဖြည့်ပေးမည် ဖြစ်သည်။

ပြောင်းရွှေ့ဖွင့်လှစ်သော CNG အရောင်းဆိုင်များ ဓာတ်ငွေ့ စတင်ရောင်းချမှသာ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း မရှိသည့် ရန်ကုန်မြို့ရှိ CNG အရောင်းဆိုင်များ အနေဖြင့် အငှားယာဉ်များကို CNG ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။မြ၀တီ

No comments:

Post a Comment