Latest News

Saturday, February 10, 2018

တစ်ခါဖြစ် တစ်ခါ အမည်ပြောင်း နေသော ကျောက်မိုင်း ယမ်းခွဲရာမှ လူနေအိမ်များကို ကျောက်ခဲကြီးများထိမှန်ပြန်ပြီ

တစ်ခါဖြစ် တစ်ခါ အမည်ပြောင်း နေသော ကျောက်မိုင်း
ယမ်းခွဲရာမှ လူနေအိမ်များကို ကျောက်ခဲကြီးများထိမှန်ပြန်ပြီ

ပေါင် ဖေဖေါ်ဝါရီ ၁၀

ပေါင်မြို့နယ် ကျုံက ကျေးရွာတောင်ပေါ်ပိုင်းတွင် လာရောက်
လုပ်ကိုင်နေသော မီးရထား ကျောက်မိုင်း ဟုဒေသခံ များသိ
ထားသည့် "ဇော်လင်းဦး" ကျောက်မိုင်း မှဖေဖော်ဝါရီ ၁၀ ရက်နေ့ညနေ၅နာရီအချိန် ယမ်းမိုင်းခွဲရာ ပေါက်ကွဲအားပြင်းသဖြင့် ရွာထဲမှလူနေအိမ်များအထိကျောက်ခဲများလွင့်စင်ရောက်ရှိလာပြီး နေအိမ်တစ်လုံး၏အိမ်ရှေ့မှဝင်လာသော ကျောက်တုံးမှာ အိမ်ခန်းနောက်အထိရောက်ရှိခဲ့ပြီးပရိဘောဂအချို့ပျက်ဆီးသွားကြောင်း အခြားအိမ်တစ်လုံးတွင်အိမ်အောက်မှဖြတ်သွားသည့် ကျောက်ခဲတုံးကြီးမှ ခြံစည်းရိုးကွန်ကရိတိုင်များအားထိခိုက်မိစဉ် တိုင်များကျိုးလိမ်သွားခဲ့သည်



ဟုသိရသည် အိမ်အောက်တွင်ကစားနေသူ ကလေးများ ထွက်ပြေးကြ၍သာထိခိုက်မှုမရှိခဲ့ခြင်းဟုဆိုသည်အဆိုပါကျောက်မိုင်းသည် မကြာခဏ အန္တရာယ်ဖြစ်စေသည့်မတော်တဆမှုဖြစ်နေခဲ့ပြီး လွန်ခဲ့သည့်နှစ်ကလည်း ရွှိုင်ရယ်ပန်းဆေးအမည်ဖြင့်လုပ်ကိုင်ခဲ့စဉ်ကျောက်မိုင်းခွဲရာမှကျောက်ခဲများလူနေရပ်ကွက်ထဲသို့ကျရောက်ခဲ့ပြီးရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ပြီးနောက် "ဇော်လင်းဦး"အမည်ဖြင့် သက်ဆိုင်ရာက လိုင်စင်ပြန်ချထားပေးခြင်းဖြစ်သည် ၂၀၁၃ ခုနှစ်ကလည်း နာမည်တစ်မျိုးဖြင့်လုပ်ကိုင်နေစဉ် လမ်းလျောက်ပြန်လာသောဒေသခံမိန်းကလေးတစ်ဦး၏မျက်နှာအား ယမ်းခွဲရာကလွင့်လာသည့် ကျောက်ခဲတုံးထိခိုက်မိခဲ့ရာ ရုပ်ဆင်းအင်္ဂါပျက်ယွင်းသည့်အခြေအနေဖြစ်ခဲ့သည်



ယခုညနေဖြစ်စဉ်အပေါ် ရဲက တရားလိုပြုလုပ်အမှုဖွင့်ထား
ကြောင်းသိရသော်လည်း နာမည်နောက်တမျိုးဖြင့် ထပ်၍လိုင်စင်ချပေးလုပ်ကိုင်နေအုံးမည်ကို ဒေသခံများကစိုးရိမ်နေလျှက်ရှိသည်
အားကျောက်
Paung Daily

No comments:

Post a Comment