Latest News

Saturday, February 10, 2018

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် ဟာ ဒီကနေ့ညနေပိုင်းမှာတော့ နေပြည်တော်ကို ရောက်ရှိလာမှာ ဖြစ်ပြီး မနက်ဖြန်မှာတော့ နိုင်ငံခြားဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

 နေ့လည်ပိုင်းမှာတော့ နိုင်ငံခြားဝန်ကြီးဟာ ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဖို့ ရှိသလို ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ဘီဘီစီကို ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်မှာတော့ ရခိုင်ပြည်မြောက်ပိုင်းက ဒုက္ခသည်ပြန်လည်လက်ခံရေး စီစဉ်နေတဲ့အကြောင်းတွေ ဆွေးနွေးဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment