Latest News

Thursday, February 8, 2018

တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် နန်ဖာလုံဈေးမီးလောင်မှုဖြစ်ပွား

တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် နန်ဖာလုံဈေးမီးလောင်မှုဖြစ်ပွား

တမူး  ဖေဖော်ဝါရီ   ၈

တမူးမြို့ မြို့မရပ်ကွက်ရှိ မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးတွင် ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီခွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးညို  နေအိမ်မှ  စတင်လောင်ကျွမ်းပြီး ဈေးအတွင်း ကူးစက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁၀)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်သူလူထု(၁၅၀)၊ အိန္ဒိယနိုင်ငံမီးသတ်ဌာနမှ မီးသတ်ယာဉ်နှစ်စီး စုစုပေါင်း မီးသတ်ယာဉ်(၁၂)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက် နံနက် ၂ နာရီ ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့သည်။ မီးသတ်မှုကြောင့် သွပ်မိုး ပျဉ်ကာ ၁၀ ပေ× ၁၀ ပေ (၁၀)ခန်း (၁၂၆ × ၁၅)ပေ  နံကပ်တစ်ထပ်၊ ဆိုင်ခန်း (၁၄)ခန်း၊ (၁၁၇ × ၁၈) ပေ နံကပ်တစ်ထပ် ဆိုင်ခန်း(၁၃)ခန်း၊ (၁၁၇ × ၁၅)ပေ နံကပ်တစ်ထပ် ဆိုင်ခန်း (၁၃)ခန်း၊ (၁၁၇ × ၁၅)ပေ နံကပ်တစ်ထပ် ဆိုင်ခန်း (၁၃)ခန်း စုစုပေါင်းဆိုင်ခန်း (၆၃)ခန်းနှင့် ဈေးနှင့် ကပ်လျက်နေအိမ်(၆)လုံး မီးလောင်းဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စိစစ်ဆဲဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။မြန်​မာ့အလင်း

No comments:

Post a Comment