Latest News

Tuesday, February 6, 2018

တမူးမြို့၌ နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ စည်ကားစွာကျင်းပမည်

တမူးမြို့၌ နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ စည်ကားစွာကျင်းပမည်

တမူး   ဖေဖော်ဝါရီ    ၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပြန့်ဒေသမှ  မြို့လေးမြို့ကိုစုပေါင်း၍ နှစ်(၇ဝ)ပြည့် ချင်းအမျိုး သားနေ့အခမ်းအနားကို    မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့တွင်   စည်ကားစွာ ကျင်းပရန်    စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။

ဖေဖော်ဝါရီ   ၂ဝ  ရက်တွင် ကျရောက်မည့်  နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုး အများစုနေထိုင်ရာ ကလေးမြို့၊ တမူးမြို့၊ ခမ်းပတ် မြို့နှင့်  မြို့သစ်မြို့  စသည့် မြို့များမှ   ချင်းတိုင်းရင်း သားများစုပေါင်းကာ တမူးမြို့ရှိ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပမည်ဖြစ်ကြောင်း၊ ချင်းအမျိုး သားနေ့တွင် မြို့ပေါင်း လေးမြို့မှ ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊  ကိုယ်စားလှယ်များ၊  ဒေသအလိုက်     ပြပွဲပြိုင်ပွဲအဖွဲ့များ တက်ရောက်ကြမည်ဖြစ်ပြီး ပွဲတော်ရက်ကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၂ဝ ရက်အထိ သုံးရက်ကြာ   ကျင်းပ သွားမည်ဖြစ်ကြောင်း  ချင်းတိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး ဦးလာလ်ထောမ်ထန်က  ပြောကြား သည်။

''ပြီးခဲ့တဲ့နှစ်ကဆိုရင် ကလေးမြို့ တောင်ဖီလာ ရပ်ကွက်  အထက(၂)အားကစားကွင်းမှာ   ချင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း၊ ဝန်ကြီးဌာန အလိုက် ပြခန်း၊ ချင်းရိုးရာဓလေ့ အကပဒေသာ၊ ရိုးရာဝတ်စားဆင်ယင်မှုပြပွဲပြိုင်ပွဲ၊ ခေတ်ပေါ်ရိုးရာ တေးသရုပ်ဖော်အက၊ နိုင်ငံတော်အဆင့် ထူးချွန်ဆု များရရှိသူတွေကို ဆုချီးမြှင့်ခြင်း၊ ထူးခြားစွမ်းရည်ပြပွဲ၊ ခေတ်ပေါ်တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှု တွေ စသဖြင့်  စည်စည်ကားကား ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်နဲ့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေပါ  ပါဝင်တက်ရောက်ခဲ့ပါတယ်၊  ကျန်တဲ့မြို့ တွေမှာလည်း   သူ့နေရာနဲ့  သူ့ဒေသအလိုက် ကျင်းပကြပါတယ်''ဟု ချင်းအမျိုးသားနေ့ ကျင်းပ ရေးကော်မတီမှ        တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမြို့ လေးမြို့ပူးပေါင်းကာ   ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က (၆၉)နှစ်မြောက် ချင်းအမျိုးသား နေ့ကို ကလေးမြို့၌လည်းကောင်း၊ ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ဖလမ်းမြို့၌လည်းကောင်း စည်ကားစွာကျင်းပခဲ့ပြီး  ယခုနှစ်တွင် ပြည်နယ် အဆင့်     ချင်းအမျိုးသားနေ့ကို    ဟားခါးမြို့၌ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ ချင်းတွင်းသား(​ကြေးမှုံ)

No comments:

Post a Comment