Latest News

Tuesday, February 6, 2018

လာမည့်နွေတွင် တိုက်စစ်ကစားသမား ထပ်ဝယ်မည်မဟုတ်ဟု မော်ရင်ဟို အတည်ပြု

လာမည့်နွေတွင် တိုက်စစ်ကစားသမား ထပ်ဝယ်မည်မဟုတ်ဟု မော်ရင်ဟို အတည်ပြု

နည်းပြ မော်ရင်ဟိုက ဇန်နဝါရီဈေးကွက်အတွင်း အသစ်ခေါ်ယူ ထားသည့်  တိုက်စစ်မှူး ဆန်းချက်ဇ်ကြောင့်  မန်ယူတိုက်စစ်ပိုင်း အင်အားလုံလောက်ပြီဖြစ်ရာ လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင်  တိုက်စစ်ကစားသမားသစ် ထပ်မံခေါ်ယူတော့မည်မဟုတ်ကြောင်း  အတည်ပြုခဲ့သည်။ မော်ရင်ဟို၏ ယခုပြောကြားချက်ကို ထောက်ရှု မည်ဆိုပါက မန်ယူနှင့် သတင်းထွက်နေသည့်   ဂါရတ်ဘေးလ်၊ စီရိုနယ်လ်ဒို၊ ဂရစ်ဇ်မန်းတို့  ပူးပေါင်းမှုကို မြင်တွေ့ရဖွယ် မရှိတော့ဟု ယူဆရသည်။  မန်ယူလက်ရှိ တိုက်စစ်ပိုင်းတွင် လူကာကူ၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်လ်၊ လင်းဂတ်၊ မာတာနှင့်  ဆန်းချက်ဇ်တို့ရှိနှင့် နေပြီးဖြစ်ရာ   လာမည့်နွေဈေးကွက်တွင်  တိုက်စစ်အင်အား  ထပ်ဖြည့်တော့မည်
မဟုတ်ဟု မော်ရင်ဟိုက ဆိုခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက ''ကျွန်တော်တို့မှာ ဆန်းချက်ဇ်၊ ရက်ရှ်ဖို့ဒ် လူကာကူ တို့ရှိနေပြီ၊ ရက်ရှ်ဖို့ဒ်က ဘယ်ရော ညာရောမှာ ကစားနိုင်တယ်၊ ဆန်းချက်ဇ်ကလည်း အလားတူပဲ၊ လူကာကူကလွဲရင်  ကျန်တဲ့တိုက်စစ် ကစားသမားတွေအားလုံးက နောက်ချန် တိုက်စစ်မှူးအနေနဲ့ ကစားနိုင် တယ်'' ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment