မိုးညှင်း ဖေဖေါ်ဝါရီ ၂
ကချ င်ပြည်နယ် မိုးညှင်းမြို့ သာစည်ရပ်ကွက်မှ တရားမဝင်သံလမ်းဖြတ်ကူးလမ်းတွင်ပျ ဉ်များ တင်ဆောင်လာသောသုံးဘီးနှင့်ရထားတို့တိုက်မိခဲ့သဖြင့်သုံးဘီးမောင်းနှင်သူအားဥပဒေနှင့် အညီအရေးယူခဲ့ကြောင်းသိရသည်။
စုံစမ်းသိရှိရသည်မှာဖေဖေါ်ဝါရီလ(၁)ရက်နေ ညနေ(၄)နာရီ(၄၅)မိနစ်အချိ န်တွင်မိုးညှင်းမြို့ နားခါဒေသစိတ် သာစည်ရပ်ကွက်အတွင်းတရာမဝင်သံလမ်းကူးလမ်းမှယာဉ်မောင်းဦးကံတင်မောင်းနှင်၍ပျ ဉ်များတင်ဆောင်လာသောသုံးဘီးမော်တော်ယာဉ်သည်အရှေ့ မှအနောက်သို့ ဖြတ်ကူးစဉ်မြစ်ကြီးနားဘက်မှထွက်ခွါလာသည့်အမှတ်(၃၈) အစုန် မြစ်ဆုံ မန္တလာ ရထားနှင့်ပွတ်ချိ တ်တိုက်မိခဲ့သည်။
ထိုသို့ တိုက်မိသဖြင့်သုံးဘီးမော်တော်ယာဉ်မှာပျ က်စီးသွားခဲ့ပြီးယာဉ်မောင်းဖြစ်သူဦးကံတင်မှာဦးခေါင်းညာဘက်ဂျို စောင်းတလက်မခန့် ပေါက်ပြဲဒဏ်ရာတချ က်lခန္ဓာကိုယ်ညာဘက်ခြမ်းနာကျ င်ဒဏ်ရာများရရှိကာမိုးညှင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ ပြီးအတွင်းလူနာအဖြစ်ကုသမှု ခံယူခဲ့သည်။
အခင်းဖြစ်ပွါးရာသို့ မိုးညှင်းခရိုင်ဒုတိယအုပ်ချု ပ်ရေးမှူးဦးညွန့်ဝေ မြို့ နယ်ဒုတိယအုပ်ချု ပ်ရေးမှူးဦးအောင်မြင့်စိုး မိုးညှင်းဘူတာရုံပိုင်ကြီးဦးသိန်းမြ တိုင်း(၁)မီးရထားသံလမ်းအင်ဂျ င်နီယာဦးသိန်းစိုး နားခါရပ်ကွက်အုပ်ချု ပ်ရေးမှူးဦးမြင့်အေးတို့ မှလာရောက်ကြည့်ရှု ကာလိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ နောက်တိုင်း(၁)မီးရထားသံလမ်းအင်ဂျ င်နီယာဦးသိန်းစိုးမှတရားလိုပြု လုပ်အမှု ဖွင့်လှစ်ခဲ့သဖြင့်သုံးဘီးမောင်းနှင်သူဦးကံတင်(၄၃)နှစ်နောင်စွန်းရပ်ကွက် အိမ်အမှတ်(၁၉၆) အရှေ့ စုဒေသစိတ် မိုးညှင်းမြို့ နေထိုင်သူအားမိုးညှင်းမြို့ မရဲစခန်းမှအမှု ဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
နီတိုး(မြန်မာ့အလင်း)
No comments:
Post a Comment