Latest News

Sunday, January 21, 2018

Probox ကိုယ်​ပိုင်​ယာဉ်​မှ ဝင်​​ရောက်​တိုက်​မိသဖြင့် က​လေးငယ်​တစ်​ဦး​သေဆုံး

မအူပင်​-ဆားမ​လောက်​ကားလမ်း ​ရေနံ​ချောင်းရွာ၌ Probox ကိုယ်​ပိုင်​ယာဉ်​မှ ဝင်​​ရောက်​တိုက်​မိသဖြင့်​ က​လေးငယ်​တစ်​ဦး​သေဆုံး
၂၁.၁.၂၀၁၈ ​နေ့ ည​နေ ၀၄း၄၅အချိန်​ခန့်​က ဧရာဝတီတိုင်းဒေသကြီး မအူပင်​မြို့နယ်​ ၊ ဝါး​တော​ကျေးရွာအုပ်​စု ၊ ​ရေနံ​ချောင်း​ကျေးရွာ ၊ မအူပင်​-ဆားမ​လောက်​ကားလမ်း မိုင်​တိုင်​ ၁၀/၁ နှင့် ၁၀/၂ကြား၌ ​ညောင်​တုန်း​မြို့နယ်​ ၊ ဂဇန်း​ကျေးရွာဘက်​မှ ​မောင်းနှင်​လာ​သော Toyota PROBOX အဖြူ​ရောင်​ ကိုယ်​ပိုင်​ယာဉ်​က ​ရေနံ​ချောင်း​ကျေးရွာတွင်းမှ ထွက်​၍ လမ်း​လျှောက်​လာ​သော မိန်းက​လေးငယ်​တစ်​ဦးအား ဝင်​​ရောက်​ တိုက်​မိသဖြင့် မဇင်​မာ​ဝေ ၊ အသက်​(၁၀)နှစ်​ မှာ အခင်းဖြစ်​နေရာတွင်​ ​သေဆုံးသွားပါသည်​ ။


" ဖြစ်​တဲ့ကားက ပရို​ဘောက်​ကားပါ ၊ ပရို​ဘောက်​ ဆို​ပေမဲ့ နံပါတ်​အနီနဲ့ တက္ကစီကား​တော့ မဟုတ်​ပါဘူး ၊ ကိုယ်​ပိုင်​ကား နံပါတ်က ---- ၊ အဲ့ဒီကားက ရန်​ကုန်​ဘက်​က လာတယ်​ ၊ မအူပင်​ဘက်​ မျက်​နှာချင်းဆိုင်​ကလာတဲ့ ကုန်​ကားတစ်​စီးကို ​ရှောင်​ရင်း လမ်း​ဘေးက​ လျှောက်​လာတဲ့ ​ကောင်​မ​လေးကို တိုက်​မိသွားတာ ၊ ​ကောင်​မ​လေးကလည်း ​ရေနံ​ချောင်းရွာထဲက ထွက်​လာပြီး ​လမ်း​ဘေးက​နေ လျှောက်​လာတာ မအူပင်​ဘက်​ကလာတဲ့ ကုန်​ကားလိုပဲ ၊ အဲ့ဒီ​တော့ ပရို​ဘောက်​ကားက မဆင်​မချင်​​မောင်းလာပြီး မျက်​နှာချင်းဆိုင်​ကလာတဲ့ ကုန်​ကားနဲ့ ထိပ်​တိုက်​​တွေ့လို့ ​​ကွေ့ရှောင်​တိမ်းရင်း လမ်း​ဘေးက ဒီက​လေးကို တိုက်​မိသွားပုံ ရတယ်​လို့ " ​ရေနံ​ချောင်း​ကျေးရွာသား တစ်​ဦးက ​ပြောပါသည်​ ။

လူ​သေဆုံးမှုဖြစ်​သည့် ယာဉ်​​​ပေါ်တွင်​ ဖျာပုံ​မြို့နယ်​​နေသူ ၊ လွင်​ကိုဇင်​ ၊ အသက်​ (၂၃) က ​မောင်းနှင်​ပြီး နှစ်​ဦးသာ လိုက်​ပါရှိ​ကြောင်း သိရသည်​။

သတင်းပေးပို့သူ=ကိုကောင်းမြတ်
မအူပင်ကျော်လွှား

No comments:

Post a Comment