Latest News

Tuesday, January 16, 2018

NLD ဘာတွေ ဖြစ်နေတာလဲ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒီအခြေနေတွေ သိပါ့မလား


ဇန်န၀ါရီလ ကိုးရက်နေ့ က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီကို နိုင်ငံတော် သမ္မတ ကနှုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်.။
ဒီနေ့  ဇန်န၀ါရီလ (၁၆)ယောက်နေ့ ဆိုရင် တစ်ပတ်တိတိရှိနေပြီဖြစ်ပါတယ်.။ဝန်ကြီးချုပ်မရှိပဲ လစ်လပ်နေတာ တစ်ပတ်ဆိုပိုမှန်ပါတယ်။သူ့ နေရာကို ယာယီ သော်လည်းကောင်း ခေတ္တသော်လည်းကောင်း လွှဲပြောင်းထားတာမရှိပါဘူး။

ဒါနဲ့ ပတ်သတ်ပြီး အစိုးရ အဖွဲ့ လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက” ၀န်ကြီးတွေ တော့ရှိနေမယ် ပြဿနာတစ်စုံတစ်ရာတက်ရင် အားလုံးက စုပေါင်းလုပ်ကြမယ် ဖြေရှင်းမှာပါ”လို့ ပြောပါတယ်.။
တကယ်တော့ ဒါက စီမံခန့် ခွဲမှုအပိုင်းကကြည့်ရင် မှန်ကန်သင့်လျော်တဲ့ အခြေနေတော့မဟုတ်ပါဘူး။
မူလကတော့ (၁၅)ရက်နေ့ မှာ လွတ်တော် အရေးပေါ်အစည်းအဝေးကျင်းပပြီး ၀န်ကြီးချုပ် အသစ်ခန့် ဖို့  စီစဉ်ကြပါသေးတယ်။

လွတ်တော် ဒုဥက္ကဌ ကတော့ “ကျွန်တော်တို့  ဒီအစည်းဝေးကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ”လို့ ဆိုပါတယ်.။
သို့ သော်လည်း လွတ်တော် အစည်းအဝေးမစခင် မိနစ်ပိုင်းအလိုမှာပဲ လွတ်တော် ဥက္ကဌ ဉ်ီးအောင်ကျော်ခိုင် ဖုန်းတစ်လုံးကိုလက်ခံ ပြောနေတာ မြင်လိုက်ရပါတယ်.။
ပြောပြီးမကြာခင်မှာ လွတ်တော် အစည်းဝေးကို ရပ်နားလိုက်ကြောင်းကြော်ငြာပါတယ်.။
လွတ်တော် ဥက္ကဌကတော့ သမ္မတဆီက စာရောက်မလာလို့ ပြောပေမဲ့ သတင်းထောက်တွေရဲ့ တစ်ခြားမေးခွန်းတွေကို မဖြေဆိုပါဘူး။
ပြီးတော့ မျက်နှာအမူအယာကလည်းသိသိသာသာပျက်နေပါတယ်။

ဒါကိုကြည့်ပြီးခန့် မှန်းပြောရရင် မူလက နာမည်တွေနှင့်တကွရောက်လာပြီးမှ ပါတီကသော်လည်းကောင်း တာဝန်ရှိသူကသော်လည်းကောင်း ခန့် မယ် သူတွေ က မသင့်တော်ဘူးဆိုပြီး အခြားတစ်ယောက်အစာ
သွင်းဖို့  စီစဉ်တာလည်းဖြစ်နိုင်ပါတယ်။
နောက်တစ်ခုကတော့ NLDထဲမှာ ၀န်ကြီးချုပ်အဖြစ် ဆက်ခံ မယ့်သူ မရှိတာလား ဒီလိုမှမဟုတ်ရင်တော့
လုပ်ချင်သူတွေများလို့  ရွေးရခက်နေတာလား ဆိုတာပါပဲ။
ဒါတွေကို ကြည့်ခြင်းအားဖြင့်တော့ NLDမှာ သာမာန်အခြေနေထက်ပိုတဲ့ အခြေနေတွေရှိနေပါတယ်.။မေးစရာရှိတာက ပြည်သူတွေအားကိုးကြတဲ့  NLDဘာတွေဖြစ်နေတာလဲ ဒီအခြေနေတွေအားလုံးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရော သိပါရဲ့ လားဆိုတာပါ ။။။
မျိုးမင်းပိုင်

No comments:

Post a Comment