Latest News

Monday, January 29, 2018

တောင်ငူမြို့တွင် LEDမီးအလှပြပွဲတော် ကြည့်ရှုသူများဖြင့် စည်ကား

တောင်ငူမြို့တွင် LEDမီးအလှပြပွဲတော်  ကြည့်ရှုသူများဖြင့် စည်ကား

တောင်ငူ  ဇန်နဝါရီ   ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုင်ဒါ ကွင်းအတွင်း၌ ဇန်နဝါရီ ၂၇ ရက် ညမှ ဖေဖော်ဝါရီ ၂ဝ ရက်အထိ ခင်းကျင်းပြသ လျက်ရှိသော LEDမီးအလှပြပွဲတော်သို့ မြို့ဒေသခံများအပြင် အခြားသော မြို့၊ ကျေးလက်ဒေသများမှ   လာရောက် ကြည့်ရှုသူများဖြင့်   စည်ကားလျက်ရှိ သည်ကို  မြင်တွေ့ခဲ့ရသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျော ညီထွေရှိသည့် ပြကွက်ပေါင်း ၃ဝဝ ကျော် ပါဝင်ပြသထားပြီး ယခုကဲ့သို့ မီးအလှပြပွဲ များကို    မုံရွာ၊  စစ်ကိုင်း၊   မ္တလေးမြို့  ဦးပိန်တံတားတို့တွင်      ကျင်းပခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း မီးအလှ ပြပွဲစီစဉ်သူတစ်ဦးက ပြောသည်။

တောင်ငူမြို့တွင်    ပထမဦးဆုံး ကျင်းပခြင်းဖြစ်ရာ လာရောက်ကြည့်ရှု သူများပြားသော်လည်း    ဝင်ကြေး ကောက်ခံမှုများသည်ဟု  သုံးသပ်ပြော ကြားမှုများလည်း  ရှိနေသည်။

''ကျွန်တော်တို့က မိသားစုအလိုက်လာကြတာ အပေါက်ဝရောက်မှ လူကြီးက နှစ်ထောင်၊ ကလေးတွေပါ ပေးရမယ်ဆိုလို့  အထဲမဝင်ဖြစ်တော့ဘဲ အပြင်ကပဲ လှမ်းကြည့်ပြီး ပြန်ထွက်လာခဲ့တယ်''ဟု  တောင်ငူမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင်   ညပိုင်းအချိန်  လာရောက်ကြည့်ရှုသူများအနေဖြင့်  အမှတ်တရ  ဓာတ်ပုံများရိုက်ကူးရာ၌ လျှပ်စစ်ဝိုင်ယာကြိုးများကို သတိပြုရန်လိုအပ်ကာ ကိုင်တွယ် ကြည့်ရှုလျှင် ဓာတ်လိုက်နိုင်ကြောင်း ဆိုင်းဘုတ်များဖြင့် သတိပေးထားသည်ကို တွေ့ရ သည်။
ကိုလွင်(ဆွာ)မြန်​မာ့အလင်း

No comments:

Post a Comment