Thursday, January 18, 2018
ထွက်ခါနီး ဧရာဝတီအတွက် ဒီနှစ်ယောက်လုပ်ခဲ့တဲ့သမိုင်း တစ်ခုရှိတယ်
ထွက်ခါနီး ဧရာဝတီအတွက် ဒီနှစ်ယောက်လုပ်ခဲ့တဲ့သမိုင်း တစ်ခုရှိတယ်
အဲ့ဒါကတော့ လယ်ယာမြေဥပဒေပုဒ်မ ၃၅ အရဆိုပြီး ရပ်ကျေးလယ်စီကတရားစွဲတာကို တရားရုံးတွေကခရိုင် အထိ မမှားဘူးဆိုပြီး လယ်သမားကြီးဦးကြာကိုထောင် ၆ လချပါတယ်။ဒါကို ၀န်ကြီးဦးဘဟိန်းကဥပဒေနဲ့မညီ ကြောင်းအထောက်အထားအခိုင်အမာပြပါတယ်။
တိုင်းတရားလွှတ်တော်ချုပ်ကငြင်းပါတယ်။သို့ပေမယ့် ဥပဒေချုပ်ရှေ့မှာဝန်ကြီးဦးဘဟိန်းကဥပဒေတစ်ခုချင်း ဖတ်ပြပြီး မညီကြောင်းရှင်းပါတယ်။ဝန်ကြီးချုပ်ကထောက်ခံပါတယ်။ဒီနေ့ လုပ်ထုံးလုပ်နည်းနဲ့မညီကြောင်း မှားယွင်းဆုံးဖြတ်ကြောင်းကို ဥပဒေချုပ်ကလျှောက်တယ် လို့ဆိုပါတယ်။တိုင်းတရားလွှတ်တော်ကပြင်ဆင် သင့်တယ်လို့ လျှောက်လဲချက်ပေးပါတယ်။
ဒီသတင်းကိုကြားရတဲ့ကျနော် ၀န်ကြီးန့ဝန်ကြီးချုပ်ကို ကျေးဇူးတင်ပါတယ်။
ကျနော်တို့ကြိုးစားရကျိုးနပ်ခဲ့ပါတယ်။
နောက်တက်တဲ့ဝန်ချုပ်နဲ့ဝန်ကြီးဟာ ဒါမျိုးအမှန်တရား ဘက်ကရပ်တည်ပါ့မလား ဆိုတာရယ်၊လယ်သမားဘက်ကရပ်မလားငွေရှင်ဘက်ကရပ်မလားဆို တာ စောင့်ကြည့်ရပါမယ်။သေချာတာကဥပဒေကိုနား မလည်ရင်၊စာမဖတ်ရင်၊သိသောတတ်သောပုဂ္ဂိုလ်များ ကမ၀န်းရံရင် နောက်လူဟာပထမလူကိုဘယ်လိုမှမမီ နိုင်ဘူးဆိုတာ သေချာပြောရဲတယ်။
နောက်လူက၀န်ချုပ်ဘ၀ ၊၀န်ကြီးဘ၀န့အသားလည်းကျရော ၂၀၂၀ ရွေးကောက်ပွဲလည်း စရော ဖြစ်မှာ။ကျိန်းသေပဲ။ဘာပဲဖြစ်ဖြစ်ဒါဟာ တရားစီရင်ရေးမဏ္ဌိုင်ကို အုပ်ချုပ်ရေးမဏ္ဌိုင်ကထိန်းကျောင်းနိုင်တာပဲ။ဧရာဝတီ မှာဒါမျိုးရှိတယ်။
Kyawzayar Lwin
ထွက်ခါနီး ဧရာဝတီအတွက် ဒီနှစ်ယောက်လုပ်ခဲ့တဲ့သမိုင်း တစ်ခုရှိတယ်
Reviewed by timeayeyar
on
12:24 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment