Latest News

Monday, January 29, 2018

ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ် မီးလောင်မှု၌ မီးငြှိမ်းသတ်ခဲ့သူ ဦးစီးအရာရှိ ဦးကျော်စွာလင်း၏ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးမှရေဝေးသုဿာန်သို့ ပို့ဆောင်ကူညီပေး

ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ် မီးလောင်မှု၌ မီးငြှိမ်းသတ်ခဲ့သူ ဦးစီးအရာရှိ ဦးကျော်စွာလင်း၏ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးမှရေဝေးသုဿာန်သို့ ပို့ဆောင်ကူညီပေး









(၂၀၁၈)ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ရန်ကုန်တိုင်ဒေသကြီး
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်
(Kandawgyi Place Hotel) မီးလောင်မှုတွင် သက်စွန့်ဆံဖျား
မီးငြှိမ်းသတ်ရင်း ဦးခေါင်းထိခိုက်ဒဏ်ရာရရှိကာ ကွယ်လွန်သွားသော
ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ
ဦးကျော်စွာလင်း အသက်(၃၄)နှစ် အား ရန်ကုန်ဆေးရုံကြီးမှ
ရေဝေးသုဿာန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
အထူးနိဗ္ဗာန်ယာဉ်ဖြင့် (အခမဲ့)ပို့ဆောင် ကူညီပေးခဲ့ပါသည်။

ဦးစီးအရာရှိ ဦးကျော်စွာလင်း၏ ဈာပနအခမ်းအနားအား
(၃၀.၁.၂၀၁၈)ရက် (အင်္ဂါနေ့) နေ့လည် (၁၂း၀၀)နာရီတွင်
ရေဝေးသုဿာန်ရှိ ခန်းမ(၁/က)တွင် ဈာပနအခမ်းအနား ကျင်းပ၍
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အစီအစဉ်ဖြင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။

သတင်း - ရဲသွင်ထွဋ် (FFSS)
ဓါတ်ပုံ - ပြန်ကြားရေးဌာန #FFSS
နာ​ရေးကူညီမှုအသင်း-ရန်​ကုန်

No comments:

Post a Comment