Latest News

Monday, January 29, 2018

အရည်အသွေးပြည့်ဝသော ပညာရေးအခွင့်အလမ်းထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးဆွေးနွေး

အရည်အသွေးပြည့်ဝသော ပညာရေးအခွင့်အလမ်းထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးဆွေးနွေး

ရန်ကုန်  ဇန်နဝါရီ   ၂၉

ပါမောက္ခဆရာကြီး          ဒေါက်တာ အောင်ထွန်းသက်၏  ထိရောက်သော ပညာရေးစီမံခန့်ခွဲမှု     (Effective Education     Management)ဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်  နံနက်  ၁ဝ  နာရီတွင်  ရန်ကုန်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း (အလုံ)ရှိ  သီရိရတနာခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင်   ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်းက   နှုတ်ခွန်းဆက်    အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က   ပညာရေးဝန်ကြီးဌာနအနေဖြင့်   ကျောင်းသား    ကျောင်းသူများအား လူသားကောင်းများ ဖြစ်စေရန်၊  ပူးပေါင်း ပါဝင်ဆောင်ရွက် တတ်သူများဖြစ်စေရန်၊         တာဝန်ယူ၊   တာဝန်ခံဆောင်ရွက်တတ် စေရန်၊ တီထွင် ဆန်းသစ်နိုင်စွမ်းရှိသူများ   ဖြစ်လာစေရန်၊  ပြုစုပျိုးထောင်   သင်ကြား သင်ယူ လေ့ကျင့်ပေးရမည်      ဖြစ်ပါ ကြောင်း၊ ကျောင်းနေအရွယ်    ကလေး အားလုံး   ကျောင်းနေရေး၊          မည်သူ တစ်ဦးတစ်ယောက်ကိုမျှ               ချန်မထား ရေး၊ ကျောင်းထွက်သူမရှိရေး၊ မည်သည့် ခွဲခြားမှုမျှ  မရှိရေးတို့ကို  အလေးထား ဆောင်ရွက်ကြရန်နှင့် ထိရောက်သော ခေါင်းဆောင်မှုနှင့်     စီမံခန့်ခွဲမှုတို့ကို  လေ့ကျင့်ကြိုးစား   ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက်        ပါမောက္ခဆရာကြီး ဒေါက်တာ           အောင်ထွန်းသက်က ဟောပြောပို့ချရာတွင် ပညာရေး  အရည် အသွေးပြည့်ဝမှုနှင့် ပြုပြင်ပြောင်းလဲရေး အတွက်  လိုအပ်သော    စီမံခန့်ခွဲမှုနှင့်  ခေါင်းဆောင်မှု၊             စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုအတွက်  လိုအပ်သော  ဆောင်ရွက်ရမည့်အချက်များ၊  ကျောင်း အုပ်များက  ထိရောက်သော  ကျောင်း အရည်အသွေး           ပြည့်ဝရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ၊ ကျောင်းသား ကျောင်းသူများသင်ယူတတ်မြောက်ရန်၊ သင်ကြားသင်ယူမှု   ဝန်းကျင်ကောင်း ဖန်တီးရန်နှင့်  ဆရာ ဆရာမများ၏  အသိ ပညာနှင့်     တတ်ကျွမ်းမှုမြင့်မားရန်၊ ပူးပေါင်းဆောင်ရွက်မှု၊  ကူညီဖြည့်ဆည်း ဆောင်ရွက်မှု၊ ကျင့်ဝတ်၊ မျှော်မှန်းချက်၊ ပေါင်းစပ်ညှိနှိုင်းစောင့်ရှောက်မှု၊   စိတ် အား ထက်သန်မှု၊  တာဝန်ယူ၊  တာဝန်ခံမှု၊ စီမံကိန်းရေးဆွဲ၍ အချိန်နှင့်တစ်ပြေးညီစီမံခန့်ခွဲဦးဆောင်မှုစသည့် ကျောင်းအုပ် များ၊မြို့နယ်၊  တိုင်း၊  တိုင်းဒေသကြီး ပညာရေးမှူးများက  မိမိတတ်ကျွမ်းသည့် ပညာဖြင့် ကျောင်းသား ကျောင်းသူများ အား အရည်အသွေးပြည့်ဝသော  ပညာ ရေး        အခွင့်အလမ်း         ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်  ဟောပြောပွဲသို့  တက် ရောက်လာကြသူများက  သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ ပါမောက္ခ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ပြန်လည်ဆွေးနွေး    ဖြေကြားကြောင်း  သိရှိရသည်။ သတင်းစဉ်

No comments:

Post a Comment