Latest News

Monday, January 15, 2018

အင်း​တော်​ကြီးကန်​တွင်​ အာရှ​ရေ​ပျော်​ငှက်​များကို အဖွဲ့(၃)ဖွဲ့ခွဲ၍စာရင်း​ကောက်​ယူရာတစ်​ရက်​အတွင်း​ရေ​ပျော်​ငှက်​(၄၁) မျိုး​ အကောင်​​ရေ​ပေါင်း​တစ်​​သောင်းကျော်​​တွေ့ရှ်ိ

အင်း​တော်​ကြီးကန်​တွင်​ အာရှ​ရေ​ပျော်​ငှက်​များကို အဖွဲ့(၃)ဖွဲ့ခွဲ၍စာရင်း​ကောက်​ယူရာတစ်​ရက်​အတွင်း​ရေ​ပျော်​ငှက်​(၄၁)  မျိုး​ အကောင်​​ရေ​ပေါင်း​တစ်​​သောင်းကျော်​​တွေ့ရှ်ိ


မိုးညှင်း ဇန်​နဝါရီ ၁၅

ကချင်​ပြည်​နယ်​ မိုးညှင်းမြို့နယ်​ အင်း​တော်​ကြီး ကန်​တွင်​ အာရှ​ရေ​ပျော်​ငှက်​များကိုအဖွဲ့(၃)ဖွဲ့ခွဲ၍ စာရင်း​ကောက်​ယူရာ တစ်​ရက်​အတွင်း​ရေ​ပျော်​​ငှက်​(၄၁)မျိုး အ​ကောင်​​ရေ​ပေါင်း​တစ်​​သောင်း ​ကျော်​​တွေ့ရှ်ိ ခဲ့​ကြောင်း သိရသည်​ ။

အာရှတိုက်​အတွင်း​ရေဝပ်​​ဒေသမှ​ရေ​ပျော်​ငှက်​များစာရင်း​ကောက်​ယူခြင်းလုပ်​ငန်းကို နှစ်​စဉ်​​ဆောင်​ရွက်​လျက်​ရှိရာ ယခုနှစ်​အတွင်းဇန်​ ၆ရက်​နမှ ၂၂ရက်​​နေ့အထိ တစ်​ပြိုင်​တည်း​ကောက်​ယူမည့်​စီမံချက်​အရ ဇန်​နဝါရီ ၉ရက်​​နေ့က ကချင်​ပြည်​နယ်​ အင်း​တော်​ကြီးကန်​အတွင်း​ရေ​ပျော်​ငှက်​(၄၁)မျိုး​နှင့်​ ငှက်​​ကောင်​​ရေ​ပေါင်း(၁၇၂၄၉)​ကောင်​​ကို​တွေ့ရှိမှတ်​တမ်းနိုင်​ခဲ့​ကြောင်း
အင်း​တော်​ကြီး​ဘေးမဲ့​တောအုပ်​ချုပ်​​ရေးမှူး
ဦး​မောင်​ဝင်းက​ပြောကြားသည်​ ။

"ငှက်​​ကောင်​​ရေ​တွေမထပ်​​အောင်​တစ်​ပြိုင်​တည်း အချိန်​ကာလတစ်​ခုသတ်​မှတ်​ပြီး​ကောက်​ယူနိုင်​ခဲ့ တာဖြစ်​တယ်​ အင်း​တော်​ကြီး​ဘေးမဲ့​တော
အုပ်​ချုပ်​​ရေးဌာနအပြင်​Wild Life Conservation  Society (W C S) ၊Fauna and Flora International(FFI)Friends of wild Life  (FOIN) ၊ မန္တ​လေး တက္ကသိုလ်​ ၊ မုံရွာတက္ကသိုလ်​ ၊ မိုးညှင်းဒီဂရီ​ကောလပ်​တို့မှ သတ္တ​ဗေဒဌာနများ ၊ Mandalay Batton in Myanmar ခရီးသွားအဖွဲ့၊ အင်းချစ်​သူများအဖွဲ့စတဲ့အဖွဲ့ အစည်းများမှ အဖွဲ့သုံးဖွဲ့ခွဲ ပြီး စာရင်း​ကောက်​ယူခဲ့ကြတာပါ ၊ ဒါပြီးရင်​ အင်း​လေးကန်​​ဘေးမဲ့​တော ၊ မိုးယွန်း​ကြီး​ဘေးမဲ့​တော ၊ ​တောင်​သမန်​အင်း ၊ ပုလိပ်​အင်း ၊ ပြူ ကန်​စတဲ့ ​ရေဝပ်​​ဒေသ​တွေမှာ ​ရေ​ပျော်​ငှက်​စာရင်းကို ဆက်​လက်​​ကောက်​ယူသွားကြ မှာပါ ၊အင်း​ဆော်​ကြီးကန်​မှာ​တော့ ​ရေ​ပျော်​ငှက်​​တွေအပြင်​ သစ်​​တောငှက်မျိုး​အပါအဝင်​ ငှက်​မျိုး​​ပေါင်း(၁၀၉)မျိုး​ကို​တွေ့ရှိမှတ်​တမ်တင်​​နိုင်​ခဲ့​ပါ တယ်​" ဟု ၎င်းကဆက်​လက်​​ပြောကြားခဲ့သည်​ ။

မြန်​မာနိုင်​ငံမှ​ကောက်​ယူရရှိသည့်​ ​ရေ​ပျော်​ငှက်​ စာရင်းကို  Wet Land International သို့ W.C.S နှင့်​ သစ်​​တောဦးစီးဌာနတို့က သီးခြားဆက်​လက်​​ပေးပို့မည်​ဖြစ်​​ကြောင်းသိရသည်​ ။
အဆိုပါအင်း​တော်​ကြီးကန်​သို့ ​ရေ​ပျော်​ငှက်များ​စာရင်း​ကောက်​ယူရာတွင်​ အင်း​တော်​ကြီးအ​ရှေ့ ဖက်​ကမ်းတွင်​တစ်​ဖွဲ့ ၊ အင်း​တော်​​ကြီး​ချောင်းသို့ တစ်​ဖွဲ့ ၊ အင်း​တော်​ကြီးအင်းအ​နောက်​ဖက်​ကမ်း တွင်​တစ်​ဖွဲ့ စသဖြင့်​အဖွဲ့ သုံးဖွဲ့ခွဲ၍ စစ်​တမ်းများ​ကောက်​ယူခဲ့ကြ​ကြောင်းသိရသည်​ ။နီတိုး(မြန်​မာ့အလင်း)

No comments:

Post a Comment