Latest News

Saturday, January 6, 2018

ၾကမ္​းပိုး​ေပ်ာက္​​ေစ​ေသာ ​ေဆးနည္​း


ၾကမ္းပိုး ဒုကၡေပး လို႔ အိပ္ေရးပ်က္ သူေပါင္း အမ်ားႀကီး ရွိမယ္ထင္ပါတယ္။ ၾကမ္းပိုး ျပႆနာ ဟာ ေသး သလို လို နဲ႔ တစ္ကယ္ႀကီးတဲ့ ဒုကၡ တစ္မ်ိဳးျဖစ္ပါတယ္။ ၾကမ္းပိုး ကို အဂၤလိပ္ လို Red Bugs လို႔ေခၚၿပီး ေလ့လာ သူမ်ားရဲ႕ အဆိုအရ ၾကမ္းပိုး စတင္ေပၚေပါက္ခဲ့တာ အေမရိက မွာ ျဖစ္ပါတယ္။ ၾကမ္းပိုး ဟာ ေတာ္႐ုံနဲ႔ မေသပဲ အသက္ျပင္း တဲ့ သတၱဝါ စာရင္းထဲမွာ ပါဝင္ပါတယ္။

လူေတြရဲ႕ အေသြး ကို မစုပ္ပဲ နဲ႔ေတာင္ ၃ လ တိတိ အသက္ ရွိေနႏိုင္ၿပီး အပူခ်ိန္၊ အေအး ဒီဂရီ အျမင့္ႀကီး ထဲ မွာလည္း အသက္ ရွင္ေနႏိုင္ၾကပါတယ္။ ေရထဲေတာင္ အခ်ိန္ၾကာျမင့္စြာ ေနႏိုင္တယ္ လို႔ ဆိုပါတယ္။

ၾကမ္းပိုး သတ္ေဆး မ်ိဳးစုံတို႔ကိုလည္း အေမရိက မွ စတင္ တီထြင္ခဲ့ၾကေပမယ့္ အခုထိ ဘယ္ တံဆိပ္က အေကာင္းဆုံး ဆိုတာ ၫြန္းရ ခက္ေနတုန္းပါပဲ။ DDT ဆိုတဲ့ ျဖန္းေဆး ကလည္း လူေတြ အတြက္ အႏၲရာယ္ ရွိေစလို႔ ပိတ္ထား လိုက္ပါတယ္။ ဒါ့ေၾကာင့္ ဂ်ပိုး အတြက္ ေဆးနည္းေပါင္းစုံ တို႔ကို စုစည္းၿပီး တင္ေပးလိုက္ပါတယ္။ တစ္နည္း မေပ်ာက္ရင္ တစ္နည္း နဲ႔ စမ္းသပ္ႏိုင္ၾကပါတယ္။

(၁) ဆပ္ျပာမႈန႔္၊ ဆပ္ျပာ ကရင္မ္ တစ္မ်ိဳးမ်ိဳး ကို ေရနဲ႔ေဖ်ာ္ၿပီး ဂ်ပိုး ရွိတဲ့ေနရာ မ်ားကို ျဖန္းေပးပါ။

(၂) ဒူးရင္းသီး ရဲ႕ ထူးျခားၿပီး ျပင္းထန္တဲ့ အနံ႔ကို ၾကမ္းပိုး ေတြ ေၾကာက္ၾက ပါတယ္တဲ့။ ဒူးရင္းသီး အခြံကို အိပ္ယာေဘး၊ အိပ္ယာ ေအာက္ မွာ ထားပါ။ အိပ္ခါနီး အနံ႔ မခံႏိုင္ရင္ ေဘးဖယ္ ထားပါ။

(၃) ေဆးနည္း တစ္မ်ိဳး ကေတာ့ ျမင္းသား အဆီ ကို ဆီမီးခြက္ထဲ ထည့္ၿပီး မီးထြန္း ထားရင္ ၄င္း အနံ႔ကို ဂ်ပိုး မ်ားေၾကာက္ၿပီး ေျပးၾက ပါတယ္။

(၄) ပ႐ုပ္လုံး မ်ားကို ေခါင္းအုုံး၊ ေစာင္၊ ျခင္ေထာင္၊ အိပ္ယာေဘး တို႔မွာ ထည့္ထားပါ။ ပ႐ုပ္လုံး အနံ႔ကို ဂ်ပိုး မ်ား ေၾကာက္ပါတယ္။

(၅) ေၾကာင္မန္း႐ြက္ ကို အိပ္ယာ ေအာက္ ထည့္ထားပါ။ ၄င္း အနံ႔ေၾကာင့္ ၾကမ္းပိုး မ်ား မလာေတာ့ပါ။

(၆) ဖေယာင္း ေကာ္ေဇာ ခင္းအိပ္ပါ။ ဖေယာင္း ေကာ္ေဇာ ကို ဂ်ပိုး မ်ား မႏွစ္ သက္ပါ။

(၇) အသင့္ျပဳလုပ္ ထားတဲ့ ျဖန္းေဆး မ်ားလည္း တံဆိပ္ မ်ိဳးစုံ ရွိေနပါတယ္။ Red Bugs Killer (ဂ်ပိုးျဖန္းေဆး) လို႔ ေျပာၿပီး ဝယ္ယူႏိုင္ၾကပါတယ္။

ၾကမ္းပိုးမရွိေအာင္ အိပ္ယာခင္း၊ ေခါင္းအုံးစြပ္မ်ားကို မၾကာခဏ ေလွ်ာ္ပါ။ ေနပူ လွန္းပါ။သန႔္ရွင္းေအာင္ ေနပါ။

သတိထားရမွာ ကေတာ့ ျဖန္းေဆးေတြသုံးရင္ ကေလးေတြကို သတိထားရမယ္။ ၾကမ္းပိုး ျဖန္းေဆး မ်ား ဟာ ျခင္ေဆး ထက္ အဆေပါင္းမ်ားစြာ ျပင္းထန္တဲ့ အတြက္ အႏၲရာယ္ ပိုႀကီးပါတယ္။ ေဆးျဖန္းၿပီးရင္ လက္ကို စင္ၾကယ္ေအာင္ ျပန္ေဆးေပးရပါမယ္။ အားလုံးပဲ ၾကမ္းပိုး အႏၲရာယ္ မွ ကင္းေဝးၾကၿပီး အိပ္ေရး ၀၀ အိပ္ႏိုင္ၾကပါေစ။

Credit : Ko Ko Oo

Unicode

ကြမ်​းပိုး​ပျောက်​​စေ​သော ​ဆေးနည်​း

ကြမ်းပိုး ဒုက္ခပေး လို့ အိပ်ရေးပျက် သူပေါင်း အများကြီး ရှိမယ်ထင်ပါတယ်။ ကြမ်းပိုး ပြဿနာ ဟာ သေး သလို လို နဲ့ တစ်ကယ်ကြီးတဲ့ ဒုက္ခ တစ်မျိုးဖြစ်ပါတယ်။ ကြမ်းပိုး ကို အင်္ဂလိပ် လို Red Bugs လို့ခေါ်ပြီး လေ့လာ သူများရဲ့ အဆိုအရ ကြမ်းပိုး စတင်ပေါ်ပေါက်ခဲ့တာ အမေရိက မှာ ဖြစ်ပါတယ်။ ကြမ်းပိုး ဟာ တော်ရုံနဲ့ မသေပဲ အသက်ပြင်း တဲ့ သတ္တဝါ စာရင်းထဲမှာ ပါဝင်ပါတယ်။

လူတွေရဲ့ အသွေး ကို မစုပ်ပဲ နဲ့တောင် ၃ လ တိတိ အသက် ရှိနေနိုင်ပြီး အပူချိန်၊ အအေး ဒီဂရီ အမြင့်ကြီး ထဲ မှာလည်း အသက် ရှင်နေနိုင်ကြပါတယ်။ ရေထဲတောင် အချိန်ကြာမြင့်စွာ နေနိုင်တယ် လို့ ဆိုပါတယ်။

ကြမ်းပိုး သတ်ဆေး မျိုးစုံတို့ကိုလည်း အမေရိက မှ စတင် တီထွင်ခဲ့ကြပေမယ့် အခုထိ ဘယ် တံဆိပ်က အကောင်းဆုံး ဆိုတာ ညွန်းရ ခက်နေတုန်းပါပဲ။ DDT ဆိုတဲ့ ဖြန်းဆေး ကလည်း လူတွေ အတွက် အန္တရာယ် ရှိစေလို့ ပိတ်ထား လိုက်ပါတယ်။ ဒါ့ကြောင့် ဂျပိုး အတွက် ဆေးနည်းပေါင်းစုံ တို့ကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ တစ်နည်း မပျောက်ရင် တစ်နည်း နဲ့ စမ်းသပ်နိုင်ကြပါတယ်။

(၁) ဆပ်ပြာမှုန့်၊ ဆပ်ပြာ ကရင်မ် တစ်မျိုးမျိုး ကို ရေနဲ့ဖျော်ပြီး ဂျပိုး ရှိတဲ့နေရာ များကို ဖြန်းပေးပါ။

(၂) ဒူးရင်းသီး ရဲ့ ထူးခြားပြီး ပြင်းထန်တဲ့ အနံ့ကို ကြမ်းပိုး တွေ ကြောက်ကြ ပါတယ်တဲ့။ ဒူးရင်းသီး အခွံကို အိပ်ယာဘေး၊ အိပ်ယာ အောက် မှာ ထားပါ။ အိပ်ခါနီး အနံ့ မခံနိုင်ရင် ဘေးဖယ် ထားပါ။

(၃) ဆေးနည်း တစ်မျိုး ကတော့ မြင်းသား အဆီ ကို ဆီမီးခွက်ထဲ ထည့်ပြီး မီးထွန်း ထားရင် ၄င်း အနံ့ကို ဂျပိုး များကြောက်ပြီး ပြေးကြ ပါတယ်။

(၄) ပရုပ်လုံး များကို ခေါင်းအုုံး၊ စောင်၊ ခြင်ထောင်၊ အိပ်ယာဘေး တို့မှာ ထည့်ထားပါ။ ပရုပ်လုံး အနံ့ကို ဂျပိုး များ ကြောက်ပါတယ်။

(၅) ကြောင်မန်းရွက် ကို အိပ်ယာ အောက် ထည့်ထားပါ။ ၄င်း အနံ့ကြောင့် ကြမ်းပိုး များ မလာတော့ပါ။

(၆) ဖယောင်း ကော်ဇော ခင်းအိပ်ပါ။ ဖယောင်း ကော်ဇော ကို ဂျပိုး များ မနှစ် သက်ပါ။

(၇) အသင့်ပြုလုပ် ထားတဲ့ ဖြန်းဆေး များလည်း တံဆိပ် မျိုးစုံ ရှိနေပါတယ်။ Red Bugs Killer (ဂျပိုးဖြန်းဆေး) လို့ ပြောပြီး ဝယ်ယူနိုင်ကြပါတယ်။

ကြမ်းပိုးမရှိအောင် အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များကို မကြာခဏ လျှော်ပါ။ နေပူ လှန်းပါ။သန့်ရှင်းအောင် နေပါ။

သတိထားရမှာ ကတော့ ဖြန်းဆေးတွေသုံးရင် ကလေးတွေကို သတိထားရမယ်။ ကြမ်းပိုး ဖြန်းဆေး များ ဟာ ခြင်ဆေး ထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ အတွက် အန္တရာယ် ပိုကြီးပါတယ်။ ဆေးဖြန်းပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးပေးရပါမယ်။ အားလုံးပဲ ကြမ်းပိုး အန္တရာယ် မှ ကင်းဝေးကြပြီး အိပ်ရေး ၀၀ အိပ်နိုင်ကြပါစေ။

Credit : Ko Ko Oo

No comments:

Post a Comment