Latest News

Monday, January 29, 2018

"နှင်းဆီနီ ဥဒါန်း "

"နှင်းဆီနီ ဥဒါန်း "

တလောကလုံး
အမှောင်ဖုံးတဲ့ည
အသက်ရှုမရအောင်မွန်းလှရဲ့ ..

လူတစ်ယောက်ဘ၀ကို
ငွေစက္ကူတချပ်လို
ဖျက်သိမ်းဖို့ များ
ကြိုးစားကြသလား
မှားမယ်

ထွေးပြီးသားကိုပြန်မမြို
ကံကိုလဲ ရိုးမယ်မဖွဲ့ 
တိုက်ပွဲရဲ့ ဆုလာဘ်အဖြစ်
စံနစ်ရဲ့ အကျဉ်းသားဘဝ
ငါခံယူပါ့မယ်
ကျေနပ်တယ်

ဟေ့ ..နင်းချေမဲ့သူတွေ
ခရေပွင့်လို ငါမကြွေ
မြေတလက္မ
ပိုင်ဆိုင်ခွင့်ရသရွေ့ 
နေ့ သစ်ရဲ့ အ ရုဏ်ဦးမှာ
ယုံကြည်ချက်ဆူးတွေဖွင့်
ခေါင်းထောင်လို့ ဝင့်လိုက်မယ်

ငါဟာ ...
နီရဲတဲ့နှင်းဆီပွင့် ။ ။

(မင်းကိုနိုင်)

No comments:

Post a Comment