Latest News

Saturday, January 6, 2018

အကယ်ဒမီဆုရရ မရရ ၂၀၁၇ ခုနှစ်အတွက်ကျေနပ်ပါတယ် နေတိုး

အကယ်ဒမီဆုရရ မရရ ၂၀၁၇ ခုနှစ်အတွက်ကျေနပ်ပါတယ် နေတိုး

၂၀၁၇ ခုနှစ်က အရမ်းကျေနပ်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတာကြောင့် ဆုရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ  ကျေနပ်နိုင်ပါတယ် ၊ ရခဲ့ရင်တော့ အပိုဆုတစ်ခုအနေနဲ့ ၀မ်းသာမိမှာပါလို့ သရုပ်ဆောင် နေတိုး က MC သို့ပြောပါတယ်။

“၂၀၁၇ ကတော့ ကျွန်တော့်အတွက် အရမ်းကိုကျေနပ်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ပြောလို့ရတာပေါ့ ။ ဆုရခဲ့သည်ဖြစ်စေ ၊ မရခဲ့သည်ဖြစ်စေ ကျွန်တော့် အနေနဲ့ လုံးဝကို ကျေနပ်နိုင်တဲ့ နှစ်တစ်နှစ်ပါ ။ ဆုရခဲ့ရင်တော့ အပိုဆုတစ်ဆု အနေနဲ့ ကျွန်တော့်ပရိသတ်အတွက် ထပ်တူဝမ်းသာမိမှာပါ ။ ဇာတ်ကားတွေနဲ့ပက်သက်ပြီးတော့ အဲ့လောက်ထိ ရင်ခုန်မှု မရှိပါဘူး။ အားလုံးမျှော်လင့်တဲ့ ပုံစံမျိုးတော့ ဖြစ်စေချင်တာပေါ့နော် ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ အများကြီးမမျှော်လင့်သလို ပရိသတ်ကိုလည်း တိတိကျကျမမျှော်လင့်ပါနဲ့လို့ ပြောချင်ပါတယ်  ” - နေတိုး

လက်ရှိ ဒါရိုက်တာစတီး နဲ့ ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားကြီးကို သက်မွန်မြင့်  ၊ ပိုင်ဖြိုးသု တို့နှင့်အတူတူ ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ “  အက်ရှင်နဲ့  ပက်သက်တဲ့ဇာတ်ကားပုံစံလေးတွေ ကတော့  ဒါရိုက်တာ ကိုစတီးနဲ့ ရိုက်မှာပေါ့ ။ ကာရိုက်တာကတော့ အက်ရှင်ဆိုတဲ့အတွက်ကြောင့် ရုပ်ရှင်ထဲမှာတွေ့ရမယ့် ဇာတ်လမ်းပုံစံမျိုးဖြစ်တဲ့ အတွက်ကြောင့် ပြောပိုင်ခွင့်တော့ မရှိသေးပါဘူုး ။ ကျွန်တော် ၂၀၁၈ ထဲမှာတော့ ကာရိုက်တာတွေ အကုန်ရွေးချယ်ပြီးသွားပါပြီ။ အဲ့ထဲမှာမှ အက်ရှင်တွေပါမယ် ။ Life ဆန်တဲ့ ဇာတ်တွေ ၊ ဟာသဇာတ်တွေ ၊ သရဲဇာတ်ကားတွေကတော့ ဇာတ်လမ်း စီစဉ်နေတုန်းပေါ့  ” လို့ သူကပြောပါတယ်။
Myanmar Celebrity

No comments:

Post a Comment