ဘားအံ ဇန်နဝါရီ ၂၄
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၂၃ ရက်က ရွှေဆိုင်လုယက် မှုဖြင့် အလိုရှိသည့် တရားခံပြေး စောလီ ညွန့်(ခ)နဂါး(ခ)လက်ညှိုး ဦးဆောင်ကာ အဖွဲ့အစည်းအမည်ခံပြီး လက်နက်ကိုင် ဆောင် မူးယစ်ဆေးဝါးရောင်းချသည့် နေရာအား သတင်းအရ ပူးပေါင်းအဖွဲ့ က ဝင်ရောက်ဖမ်းဆီးစဉ် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား၍ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိပြီး ¤င်းတို့ အဖွဲ့ထံမှ လက်နက်ခဲယမ်း၊ မူးယစ် ဆေးဝါးအပါအဝင် ဆက်စပ်ပစ္စည်းများ နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ၁ဝ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့
ဘားအံမြို့နယ် နောင်ကမြိုင် ကျေးရွာနေ ဦးစောချစ်ချုံ၏ နေအိမ်၌ အခြေပြုကာ စောလီညွန့်(ခ)နဂါး(ခ)လက်ညှိုး ဦးဆောင်၍ အဖွဲ့အစည်း အမည်ခံပြီး လက်နက်ကိုင်ဆောင် မူးယစ် ဆေးဝါးရောင်းချနေကြောင်း သတင်း အရ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦး ဦးစီး သည့် ပူးပေါင်းအဖွဲ့များဖြင့် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးစဉ် ပူးပေါင်းအဖွဲ့အား လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခုခံသဖြင့် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပူးပေါင်းအဖွဲ့မှ ရဲအုပ်သက်စိုးဦး အပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်ခုခံသည့်အဖွဲ့ မှ စောလီညွန့်(ခ)နဂါး(ခ)လက်ညှိုး၊ အိမ်ရှင် ဦးစောချစ်ချုံ၊ စိုးမင်းအောင် တို့အား ဒဏ်ရာဖြင့် ဖမ်းဆီးရမိကာ စုစုပေါင်း ပြစ်မှုကျူးလွန်သူ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးသုံးဦး ပေါင်း ၁ဝ ဦး ကို ဖမ်းဆီးရမိခဲ့သည်။
ပူးပေါင်းအဖွဲ့မှ နေအိမ်ခြံဝင်း အတွင်း သက်သေများနှင့်အတူ ရှာဖွေ ရာ မော်တော်ယာဉ်နှစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ဝဝ၊ လက်နက် မျိုးစုံ ခြောက်လက်၊ ကျည်အိမ် ၃၂ ခု၊ ကျည်မျိုးစုံ ၄၂၄ တောင့်၊ ၄ဝ မမ ဗုံးသီး ၂၄ လုံးနှင့် အဖွဲ့အစည်းတံဆိပ်ပါ ပြောက်ကျားယူနီဖောင်းနှင့် ချပ်ဝတ် တန်ဆာမျိုးစုံတို့ကို သိမ်းဆည်းရမိ ခဲ့သည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ စောချစ်ချုံ(၅၈ နှစ်)၊ စောလီ ညွန့်(ခ)နဂါး(ခ)လက်ညှိုး( ၄၃နှစ်)၊ စိုးမင်းအောင်(၂၇နှစ်)၊ မိုးစံ(၃၇နှစ်)၊ ကြက်ဖ(၂၁ နှစ်)၊ လှစိုး(၂ဝ နှစ်)၊ ခင်ဇော် လင်း(၃၂ နှစ်)၊ နန်းလှိုင်လှိုင်ဝင်း(၃၅ နှစ်) ၊ ဒေါ်အောင်တင်( ၆ဝ နှစ်)၊ နော်မူ ဆားဆဲ(၃၁ နှစ်)တို့ကို ဘားအံမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားပြီး လုယက်မှုဖြင့် အလိုရှိသည့် တရားခံပြေး စောလီညွန့်(ခ)နဂါး (ခ)လက်ညှိုးအား ယခင်အမှုဖြင့်ပါ ဆက် လက် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)မြန်မာ့အလင်း
No comments:
Post a Comment