စိုက်ပျိုးရေး၊ မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီး ဦးတင်အောင်ဝင်း ကျမ်းသစ္စာ ကျိမ်ဆိုခြင်း
ပုသိမ်၊ဇန်န၀ါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၈) (စတုတနေ့)သို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမတရုံး၏ ၂၉ - ၁- ၂၀၁၈ ရက်စွဲပါ အမိန့်အမှတ်၊ ၁၁/၂၀၁၈ ဖြင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးဖြစ်သည့် ဦးတင်အောင်ဝင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသည့် အမိန့်စာကို လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ အရ လွှတ်တော် ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်အဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
Tuesday, January 30, 2018
စိုက်ပျိုးရေး၊ မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးတင်အောင်ဝင်း ကျမ်းသစ္စာ ကျိမ်ဆိုခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးတင်အောင်ဝင်း ကျမ်းသစ္စာ ကျိမ်ဆိုခြင်း
Reviewed by Ar Ti
on
12:36 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment