Wednesday, January 24, 2018
ဒန့်ဒလွန်သီးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး
ဇန်နဝါရီ - ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၂၄ရက်နေ့ နေ့လည် ၂း၃၀အချိန်ခန့် ကဒန့်ဒလွန်သီးတက်ခူးရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာတွင် ကိုဘွတ်ကုလား ခေါ် ကိုကျော်သူလင်းဆိုသူသည် ဒန့်ဒလွန်ပင် ရှိ ဒန့်ဒလွန်သီး တက်ခူးရာ လျှပ်စစ်ကြိုးအားထိမိပြီး ဓာတ်လိုက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ယင်းသေဆုံးသူအား မအူပင်မြို့ ကရုဏာလူမှုကူညီရေးအသင်း(မအူပင်)မှ သွားရောက်သယ်ယူ၍ မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ OPS တာဝန်ကျဆရာဝန်၏ အတည်ပြုချက်ရယူကာရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
Photo - Hein Soe
ပြည့်ဖြိုးပိုင် (မအူပင်)
Credit-MHT MEDIA AGENCY
ဒန့်ဒလွန်သီးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး
Reviewed by timeayeyar
on
8:05 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment