Latest News

Saturday, January 20, 2018

ချန်ပီယံ ကာကွယ်ပွဲအတွက် အောင်လအန်ဆန် စာချုပ်ချုပ်ဆို

ချန်ပီယံ ကာကွယ်ပွဲအတွက် အောင်လအန်ဆန် စာချုပ်ချုပ်ဆို

ရန်ကုန်   ဇန်နဝါရီ   ၁၉

ယခုနှစ် ဖေဖော်ဝါရီလတွင် ယှဉ်ပြိုင်ရန် ရှိသော One Championship မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက်    အောင်လအန်ဆန်သည် One Champion-ship နှင့် ယနေ့တွင် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင်   ရန်ကုန်မြို့ရှိ  သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းပြိုင်ပွဲများလည်း  ပါဝင်မည်ဖြစ် သည်။

ယခုပွဲစဉ်နှင့်ပတ်သက်ပြီး အောင်လအန်ဆန်က ''မြန်မာ...အားပေးဖို့ အဆင် သင့်ဖြစ်နေကြပြီလားဗျ၊၊ ဖေဖော်ဝါရီ  ၂၃  ရက် One Championship ပွဲအတွက် စာချုပ်ချုပ်ဆို ပြီးပါပြီဗျ၊၊

အဲဒီအတွက် အလွန် စိတ်လှုပ်ရှားနေ မိပါတယ်၊၊ ပွဲကြီးတစ်ပွဲတော့ ဖြစ်လာပါလိမ့်မယ်ဗျာ'' ဟု လူမှုကွန်ရက် စာမျက်နှာတွင်ဖော်ပြခဲ့သည်။ လက်ရှိတွင် အဆိုပါပွဲစဉ်နှင့်ပတ်သက်ပြီး တွဲဆိုင်းများ ထွက်ပေါ်ခြင်းမရှိသေးသကဲ့သို့ အောင်လအန်ဆန်နှင့်ယှဉ်ပြိုင်မည့်  ပြိုင် ဘက်မှာလည်း  ထွက်ပေါ်လာခြင်းမရှိသေးကြောင်း၊ One Championshipသည် ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ MMA ပြိုင်ပွဲတစ်ပွဲသာ ကျင်းပမည်ဖြစ်ပြီး    ယင်းပွဲမှာအောင်လအန်ဆန်၏ ရွှေခါးပတ် ကာကွယ်ပွဲဖြစ်ကြောင်း သိရသည်။

One Championship အနေဖြင့် ယင်း ပြိုင်ပွဲအတွက် ကစားသမား တွေ့ဆုံနှုတ်ဆက်ပွဲကို ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ မြန်မာပလာဇာ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment