Latest News

Thursday, January 25, 2018

ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ တာဦးကျေးရွာအနီးမှာဇန်နဝါရီ(၂၄) ရက် ညနေ (၆)နာရီ (၄၅)မိနစ်ခန့်က ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားကာ အမျိုးသား(၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 အမှုမှာ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၃၂)အနီး တာဦးကျေးရွာအနီးမှာ ဒါးကဘက်ကနေ ကံကလေးဘက်ကို လယ်ယာသုံးထော်လာဂျီယာဉ်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ အနက်ရောင်ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ ထော်လာဂျီယာဉ်နောက်ပိုင်းကို တိုက်မိကာ ကားလမ်းမပေါ်ကို လွင့်ကျသွားခဲ့ပါတယ်။ ဆိုင်ကယ်မောင်းနှင်သူဟာ ဦးခေါင်းပိုင်း ပေါက်ပြဲဒဏ်ရာရရှိပြီး ကျောင်းကုန်းပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမှုကို စစ်ဆေးရာ ဆိုင်ကယ်မောင်းသူဟာ အရက်သေစာသောက်စားထားပြီး ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားတာကို စစ်ဆေးတွေ့ရှိရပြီး ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ)၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-(က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ မြို့မရဲစခန်းကနေ သိရပါတယ်။ ဒီသတင်းကိုဝင်းကြိုင်(ကျောင်းကုန်း) ကပေးပို့တာပါ။
Central News Bureau

No comments:

Post a Comment