လုပ်အားဒါန ကုသိုလ်ပါဝင်ယူခဲ့ "
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး တည်ထားသည့် အနန္တဇိန စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင် နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားသို့ ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်နှင့်ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်တို့မှ သွားရောက်၍ အလှူငွေကျပ် သိန်း (၃၀၀) ကို လှူဒါန်းပေးအပ်ခဲ့ပါသည်။
၂၀၁၈ခုနှစ် ဇန်နဝါရ်ီလ (၃၀)ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ငါးဆူတောင်ဒေသ ဓမ္မဝိနယစင်တာ ကျောင်းတိုက်တွင် တည်ထားသည့် အနန္တဇိန စေတီတော် ရွှေထီးတော်တင်လှူပွဲတွင် အရံစေတီတော် (၂၄)ဆူအတွက် ထီးတော်တင်လှူမှုကို ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်နှင့် မက်စ်မြန်မာကုမ္ပဏီ ဝန်ထမ်း (၄၈)ဦးတို့မှ လုပ်အားဒါန ပါဝင်ကုသိုလ်ယူခဲ့ပါသည်။
ရွှေထီးတော်တင်လှူအပြီးတွင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးနှင့်တကွ ဆရာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ တရားတော်နာယူ၍ ကုသိုလ်ကောင်းမှု အစုစုအတွက် အမျှပေးဝေခဲ့ကြပါသည်။
Ayeyarwady Foundation
No comments:
Post a Comment