Friday, December 29, 2017
Together With The People
အဖြေကား ရှင်းသည်
အီးယူ-အမေရိကန်-အင်္ဂလိပ်တို့အပါအ၀င် လူ့အခွင့်အရေး အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ တက်လှမ်းလာခဲ့ရမှုသည် ၎င်းတို့ကြောင့်ဟု အထင်ရောက်နေခဲ့ကြသည်။
ထို့အတွက်လည်း ကိုယ့်နိုင်ငံတွင်ပင် အခွန်ပေးဆောင်ရကောင်းမှန်း မသိ၊ လိမ်လည်လှည့်ဖျားခဲ့သူ လူ သိန်းချီ သေဆုံးခဲ့ရသည့် အီရတ် ကျုးကျော်မှုကြီး၏ လက်သည် ဂျော့်ဘွတ်ရှ် တို့လို လူမျိုးများနှင့် ဖက်လှဲ တကင်း လုပ်နေသော U2 မှ ဘိုနို လို လူမျိုးကပင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ထွက်သင့်သည် ဟု ပြောလာခဲ့ခြင်း ပင်။ ၎င်းတို့ပေးသော ဆုများကို ပြန်လည် ရုပ်သိမ်းသွားခဲ့ကြပြန်သည်။
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျ ခံနေရစဉ်အတွင်းက သူမ အတွက် တောက်လျောက် ခုခံ ရေးသား ပေးခဲ့သော ရိုက်တာ သတင်းဌာနလည်း သတင်းထောက် နှစ်ဦး အဖမ်းခံရမှု အတွက် ဆွေ့ဆွေ့ခုန် နေပြီ ဖြစ်သည်။ ထိုမျှသာမကသေး မြန်မာနိုင်ငံ တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ရုန်းကန် လှုပ်ရှားခဲ့သော The Assistance Association for Political Prisoners - Burma (AAPP-B) ကပင် ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးသို့ တရားဝင် တိုင်တန်းစာ ပို့လာခဲ့ကြသည်။
၎င်းတို့အားလုံးက သူတို့ ခံယူထားသော လမ်းကြောင်းပေါ်သို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လမ်းရန် ငြင်းပါယ်ခဲ့မှုအတွက် ကျေးဇူးမသိဟု မပြောယုံတမယ် တုန့်ပြန်လာကြခြင်း ဖြစ်သည်။
သို့သော် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်းသည် အဖိနှိပ်ခံ ပြည်သူများ၏ ပြင်းထန်ကြီးမားလှသော လှုပ်ရှားမှု၊ ရုန်းကန်မှု၊ အသက်သွေးချွေးများပေး၍ တော်လှန်ခဲ့မှုများသည် အဓိက မောင်းနှင်အား ဖြစ်ပြီး မီးကျည်မီးခဲများ ဖြင့် ရဲရဲနီနေသော သံတုံးကြီးအသွင် ရောက်ရှိလာခဲ့ရခြင်းကို မသိကျိုးကျွံ ပြုခဲ့ကြသည်။
အသက် ၇၀ ကျော် အဖွားအိုကြီးက အဆိုပါ မီးကျည်မီးခဲ တရဲရဲ တောက်နေသော သံတုံးကြီးကို ပြည်သူ သန်းပေါင်း ၅၂ သန်းကျော်အတွက် အားနှင့်မာန်နှင့် ပထ၀ီမြေကြီးပင် တုန်ခါသွားရအောင် ထုထောင်းရိုက်နှက်ကာ ပုံဖေါ်ပေးနေမှုကိုလည်း အလေးထား ချီးမြှောက်ရကောင်းမှန်း မသိ၊ ကြောက်စရာ ကောင်းလောက်အောင်ပင် နိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်း တွန်းပို့နေကြပေသည်။
၎င်းတို့ အဖို့ကား ဘင်္ဂါလီ တသန်း လောက် အရေးကား ပို၍ အရေးကြီးနေသည်။
ထို့အတွက် လည်း အဖြေကား ရှင်းလှပေသည်။ ပြည်သူတရပ်လုံး ညီညွတ်မှု အားနှင့် တောင့်ခံရန်လို လိုပေတော့သည်။
လှစိုးဝေ
Together With The People
Reviewed by timeayeyar
on
4:54 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment