Latest News

Sunday, December 3, 2017

ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေ

ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေ

ရန်ကုန် ဒီဇင်ဘာ ၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း၊ တာဝန်ရှိသူများနှင့် အတူ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ပတ်လမ်း ပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ရန်ကုန်မြို့ပတ်လမ်းပိုင်းအတွင်းရှိ ရှမ်းလမ်းဘူတာသို့ ရောက်ရှိ လာပြီး ဘူတာဝန်းကျင်ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မည့် နေရာနှင့် ဘူတာယာဒ်ဝင်းများ အုတ်တံတိုင်း တည်ဆောက်မည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ကြည့်မြင်တိုင်ဘူတာသို့ ရောက်ရှိပြီး ကိုးချောင်းဆက် သံလမ်း များ ဆောင်ရွက်နေမှုနှင့် နှုန်းလွန် အသံ လှိုင်းသုံး ချွတ်ယွင်းချက်ရှာဖွေသော ကိရိယာဖြင့် ဆက်ပြီးသံလမ်းများအား စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဟံသာဝတီဘူတာ၌ ဘူတာ ပလက်ဖောင်း မြှင့်တင်ထားရှိမှု၊ ဘူတာ အဆောက်အအုံ ပြုပြင်မွမ်းမံမည့် အခြေ အနေ၊ သမိုင်းမြို့သစ်ဘူတာအနီး ဈေး တည်ဆောက်မည့် မြေနေရာနှင့် ရထား လမ်းတစ်လျှောက် အုတ်တံတိုင်း တည် ဆောက်မည့်နေရာ၊ အင်းစိန်ဘူတာ အနီး မြန်မာ့မီးရထားပိုင် ဘောလုံးကွင်း ပွဲ ကြည့်စင် ပြန်လည်မွမ်းမံနေမှု အခြေ အနေ၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့် မြှင့်တင်ရေးအတွက် အင်းစိန်ယာဒ်ဝန်း အတွင်း ကျောက်များစုပုံထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းရုံးမှ စီမံကိန်း တာဝန်ခံများက မြို့ပြအင်ဂျင်နီယာ လုပ်ငန်း၊ ဆက်သွယ်ရေးပိုင်းဆိုင်ရာ လုပ်ငန်း၊ စက်ခေါင်းသစ်နှင့် တွဲသစ်များဝယ်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်ကာလအမီ လုပ်ငန်း များပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းများ အန္တရာယ်ကင်းရှင်းရေးနှင့် ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment