Latest News

Wednesday, December 13, 2017




နေပြည်တော်၊ ဒီဇင်ဘာ ၁၂

(Unicode version)
မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၂၅၄၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
*************************************************************************
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
 ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှတပ်ဖွဲ့ဝင်များ၊ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧရာဦးစစ်ဆင်ရေး စီမံချက်ဖြင့် မိုးညှင်းမြို့နယ် မိုးညှင်း-ဝှေခါကားလမ်း နမ့်မွန်းကျေးရွာ အေးရိပ်မွန် လက်ဘက်ရည်ဆိုင်အနီးတွင်  မူးယစ်ဆေးဝါးများကိုဝယ်လက်အသွင်ယူ၍ စောင့်ဆိုင်းနေစဉ် လှိုင်မြင့် မောင်းနှင်ပြီး ကိုကိုလင်းမောင် လိုက်ပါသည့် မော်တော်ယာဉ်နှင့် ဇင်မင်းဦး မောင်းနှင်ပြီး လှိုင်ဟန်ထွန်းတို့လိုက်ပါသည့် မော်တော် ယာဉ် နှစ်စီးအားစီးနင်းရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂၀ ခွက်စီပါ ဆာလာအိတ် ၅ အိတ် အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၁၀၀ ခွက် (ဘိန်းဖြူ အလေးချိန် ၁၃ ဒသမ ၂ ကီလို ) သိမ်းဆည်း ရမိခဲ့သဖြင့် လှိုင်မြင့် (၃၀)နှစ်၊ ကိုကိုလင်းမောင် (၁၈)နှစ်၊ ဇင်မင်းဦး (၂၂)နှစ် နှင့် လှိုင်ဟန်ထွန်း (၂၁)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။

www.myanmarmoha.org

No comments:

Post a Comment