Latest News

Friday, December 29, 2017

လွှတ်တော်အနီး၌ တရားမဝင် ဒရုန်းပျံသန်းမှုဖြင့် တရားစွဲဆိုခံထားရသူများအား ထပ်မံစွဲဆိုထားသည့် အမှုများကို ရုပ်သိမ်း

လွှတ်တော်အနီး၌  တရားမဝင်  ဒရုန်းပျံသန်းမှုဖြင့် တရားစွဲဆိုခံထားရသူများအား ထပ်မံစွဲဆိုထားသည့် အမှုများကို ရုပ်သိမ်း

နေပြည်တော် ဒီဇင်ဘာ ၂၈

ပြီးခဲ့သည့်  အောက်တိုဘာ  ၂၇   ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၅ ရဲတပ်ဖွဲ့စခန်း နယ်မြေအတွင်းရှိ နေပြည် တော်   လွှတ်တော်   အဆောက်အအုံ အနီးတွင်    တရားမဝင်  ဒရုန်းလွှတ်တင်မှု ဖြင့်   ဖမ်းဆီးခံထားရသူ   လေးဦးအား  ယနေ့  နံနက်ပိုင်းက  နဝမအကြိမ်မြောက်   ရုံးထုတ်စစ်ဆေးပြီး   ဇမ္ဗူသီရိမြို့နယ် တရားရုံး မြို့နယ်တရားသူကြီးက အမှုမှ အပြီးအပြတ်လွှတ်ရန်   အမိန့်စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။

ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု
အဆိုပါ  လေးဦး၏   ပြုလုပ်မှုများ သည်  နိုင်ငံတော်လုံခြုံရေးကို  ထိခိုက် စေမည့်    ရည်ရွယ်ချက်မရှိသည့်အပြင် အမှုတွင်ပါဝင်သော နိုင်ငံခြားသားများနှင့် ပတ်သက်ပြီး  နှစ်နိုင်ငံချစ်ကြည်ရင်းနှီး မှုကို ရှေးရှု၍ ၄င်းတို့ကို ထပ်မံစွဲဆိုထား သည့် အမှုများအား ရုပ်သိမ်းခွင့်ပြုရန် ဒီဇင်ဘာ ၂၆ ရက်က အဋ္ဌမအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် မြို့နယ်ဥပဒေအရာရှိ က တရားရုံးသို့ တင်ပြလျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ     ၂၇    ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အမှုတွင်ပါဝင်သူ တူရကီနိုင်ငံအခြေစိုက်  TRTသတင်း ဌာန(စင်ကာပူ)ရုံးခွဲမှ မလေးရှားနိုင်ငံသူ သတင်းထောက်  Mok Choy Lin၊ စင်ကာပူနိုင်ငံသား    (Cameraman) Lau  Hon  Meng ၊  ဘာသာပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှ တင်ပါ လေးဦးအား နိုဝင်ဘာ ၁ဝ  ရက် တွင်  စတင်ရုံးထုတ်စစ်ဆေးရာ   ယင်းနေ့ မှာပင်    လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေဖြင့်  ဇမ္ဗူသီရိ  မြို့နယ်တရားရုံးက  ပြစ်ဒဏ်နှစ်လ  ချမှတ်ခံထားရခြင်း ဖြစ်ပြီး လာမည့်  ဇန်နဝါရီ  ၅  ရက်တွင် ယင်း ပြစ်ဒဏ်မှ   လွတ်မြောက်မည်ဟု   သိရ သည်။
ယနေ့နံနက်က  ပြန်လည်ရုပ်သိမ်း လိုက်သည့် အမှုများမှာထပ်မံစွဲဆိုခဲ့သည့် ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ /၁ဝ နှင့် လဝက အက်ဥပဒေပုဒ်မ ၁၃(က)တို့ဖြစ် ပြီး စီရင်ချက်ချမှတ်ရာတွင် အဆိုပါအမှု နှင့်ပတ်သက်၍   သိမ်းဆည်းထားသော ဒရုန်းယာဉ်အပါအဝင် သက်သေခံပစ္စည်း များအား        နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အမှုကို ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄ အရ မြို့နယ်ဥပဒေအရာရှိကရုပ်သိမ်းခွင့်   တင်ပြလာသည့်အတွက် စွဲချက်မတင်မီ      အမှုမှ     အပြီးအပြတ် လွှတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ဗဟို အလုပ်အမှုဆောင်ကော်မတီမှ နေပြည် တော် တာဝန်ခံရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ပြစ်ဒဏ်လွတ်
အထက်ပါ    အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက  ရုပ်သိမ်းပေးခြင်းအပေါ် မလေးရှားနိုင်ငံသူ       သတင်းထောက်  Mok Choy Lin က  ''မိသားစုအိမ်ကို  ပြန်ရတော့မယ်ဆိုတာ ဝမ်းသာပါတယ်၊      တခြားဘာမှတော့  ပြောစရာ   မရှိပါဘူး''ဟု  ပြောသည်။ ထို့နောက် ဘာသာပြန် ကိုအောင်နိုင်စိုး က '' အခုလို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို   ရှေးရှုပြီး    ဒီအမှုကို   ရုပ်သိမ်းပေးတဲ့အတွက် ကျွန်တော်တို့     နိုင်ငံတော်အစိုးရကို     ကျေးဇူးလည်း တင်ပါတယ်၊        ဝမ်းလည်းဝမ်းသာ   ပါတယ်၊    မှန်မှန်ကန်ကန်   စစ်ဆေး ဆုံးဖြတ်တာကိုလည်း   ကျေနပ်ပါတယ်၊    ကျွန်တော်တို့   ဇန်နဝါရီ     ၅    ရက်မှာ    ပြစ်ဒဏ်က လွတ်မှာ  ဖြစ်ပါတယ်'' ဟု   ပြောသည်။
 ကိုပေါက်(ဥက္ကာမြေ)

No comments:

Post a Comment