Latest News

Thursday, November 9, 2017

YBS၂၁ယာဉ်‌လိုင်းအတွက် အမျိုးသမီးယာဉ်‌‌မောင်း ၃၁ဦး‌ရွေးချယ်‌၍ နိုဝင်‌ဘာ၁၅ရက်‌‌နေ့တွင်‌ သင်တန်းစပေးမည်

YBS၂၁ယာဉ်‌လိုင်းအတွက် အမျိုးသမီးယာဉ်‌‌မောင်း ၃၁ဦး‌ရွေးချယ်‌၍ နိုဝင်‌ဘာ၁၅ရက်‌‌နေ့တွင်‌ သင်တန်းစပေးမည်

ရန်‌ကုန် ၊ နိုဝင်ဘာ ၉

YBS၂၁ယာဉ်‌လိုင်းတွင်‌‌မောင်းနှင်‌ရန်‌ အမျိုးသမီးယာဉ်‌‌မောင်း ၃၁ဦး‌ရွေးချယ်‌၍ နိုဝင်‌ဘာ၁၅ရက်‌‌နေ့တွင်‌ ယာဉ်‌‌မောင်းသင်‌တန်း‌ပေးရန်‌လျာ‌ထား‌ကြောင်း YBS ၂၁အဲကွန်းယာဉ်‌လိုင်းမှအုပ်‌ချုပ်‌မှုဒါရိုက်‌တာ ကိုတရုတ်‌‌လေးက‌ပြောသည်‌။

YBS၂၁ယာဉ်‌‌လိုင်းသို့လာ‌ရောက်‌‌လျောက်‌ထားသူ၁၁၀ဦးအား အင်‌တာဗျူးလုပ်‌ခဲ့ပြီး‌နောက်‌ အမျိုးသမီးယာဉ်‌‌မောင်း၃၁ဦးကို‌ရွေးချယ်‌၍ သင်‌တန်း‌ပေးကာလ ၃လသင်‌ကြား‌ပေးသွားမည်‌ဟု ၎င်းက‌ပြောသည်‌။

"ယာဉ်မောင်း အတွေ့အကြုံ မရှိသေးသောသူများ လုံးဝ မမောင်းတတ်သေးသူများပါ လျောက်ထားခွင့်‌ပြုခဲ့တာပါ။ကျွန်‌‌တော်‌တို့က ပြန်‌ပြီးစနစ်‌တကျသင်‌‌ပေးမှာပါ။ "ဟု ကိုတရုတ်‌‌လေးက‌ပြောသည်‌။

YBSကားများတွင်‌ အမျိုးသမီးယာဉ်‌‌မောင်းများ‌စွာ‌ပေါ်ထွက်‌လာ‌ရေးအတွက်‌ YBS21ယာဉ်‌လိုင်းတွင်‌ ယာဉ်‌‌မောင်းအ‌တွေ့ကြုံမရှိသူများနှင့်‌ လုံးဝမ‌မောင်းတတ်‌သူများကို စက်‌တင်‌ဘာလအတွင်းလျောက်‌ထားခွင့်‌ပြုခဲ့သည်‌ဟု ကိုတရုတ်‌‌လေးက‌ပြောသည်‌။

သင်‌တန်းသား အမျိုးသမီးယာဉ်‌‌မောင်း ၃၁ဦးကို သင်‌တန်းကာလ၃လအတွင်း တလလျှင်‌ ၂သိန်း‌ထောက်‌ပံ့၍ သင်‌တန်းပြီးဆုံးပြီးအမြဲတမ်းဝန်‌ထမ်းဖြစ်‌ပါက တစ်‌လလျှင်‌ ၃သိန်းနှင့်‌ ခံစားခွင့်‌များ‌ပေးသွားမည်‌ဟုလည်း ကိုတရုတ်‌‌လေးက‌ပြောသည်‌။

"နိုင်‌ငံတကာမှာလည်း အမျိုးသမီးယာဉ်‌‌မောင်း‌တွေရှိတယ်‌။မြန်‌မာနိုင်‌ငံမှာမရှိ‌သေးတဲ့အတွက်‌လုပ်‌‌ဆောင်‌တာပါ။အမျိုးသမီး‌တွေက ခရီးသည်‌‌တွေကိုစိတ်‌ရှည်‌မယ်‌။ဝန်‌‌ဆောင်‌မှုပို‌ပေးနိုင်‌မယ်‌။ယာဉ်‌အန္တရာယ်‌ဖြစ်‌ပွားမှုနည်း‌စေမယ်‌လို့လဲ ထင်‌ပါတယ်‌။အခုလက်‌ရှိတစ်‌‌ယောက်‌ဆို တစ်‌နှစ်‌အတွင်း ယာဉ်‌စည်းကမ်းချိုး‌ဖောက်‌မှုမရှိဘူး။ပြည်‌သူလဲလက်‌ခံပါတယ်‌။"ဟု ၎င်းက‌ပြောသည်‌။

သီဟ

Popular News

No comments:

Post a Comment