Latest News

Sunday, November 12, 2017

ပြည်​နယ်​အစိုးရက​ပေး​သော ဘိလပ်​​မြေ NLD မြို့နယ်​ပါတီဥက္ကဌ ကန့်​ကွက်​၍ ထုတ်​ခွင့်​မရ​တော့ ဟုဆို


ပေါင်​ ၊ နိုဝင်​ဘာ ၊ ၁၀
မွန်​ပြည်​နယ်​အစိုးရ၏ ​ဒေသဖွံ့ဖြိုး​ရေးအတွက်​ပံ့ပိုး​သော ဘုန်းကြီး​ကျောင်းလမ်းသုံးရန်​ ဘိလပ်​​မြေအိတ်​ ၁​ထောင်​အားမြို့နယ်​အဆင့်​ထိ သို့ ထုတ်​ယူနိုင်​ရန်​ စာကျ လာ​သော်​လည်း
ပေါင်​မြို့နယ်​ NLD ပါတီဥက္ကဌ ဆိုသူက ​ပေး၍မရ​ကြောင်းလာ​ပြောသွားပြီး​နောက်​ပိုင်း ထိုဘိလပ်​​မြေများ မရရှိ​တော့​သော ကိစ္စအ​ပေါ်မ​ကျေနပ်​​ကြောင်း​ပေါင်​မြို့နယ်​ ဥတ္တံတား​ကျေးရွာ ရှိ ချမ်း​မြေ့သာယာ ဘုန်း
ကြီး​ကျောင်းဆရာ​တော်​မှ နိုဝင်​ဘာ ၁၀ ရက်​​နေ့ကလာ​ရောက်​​ပြောဆိုခဲ့သည်။

ထိုကိစ္စအား​ပေါင်​မြို့နယ်​ NLDပါတီ ဥက္ကဌ ဦးဝင်းနိုင်​အားသွား​ရောက်​​တွေ့ဆုံ​မေးမြန်းခဲ့ရာ
ဘုန်းကြီး​ကျောင်းသို့သွားခဲ့စဉ်​က ​ကျေးရွာအုပ်​ချုပ်​​ရေးမှုး​ခေါ်လို့လိုက်​သွားခြင်းဖြစ်​ပြီး
ဘိလပ်​​မြေများမ​ပေးရန်​​ပြောဆိုမှု​တော့မရှိခဲ့​ကြောင်း ​ကျောက်​မိုင်းလုပ်​သည့်​လမ်းဖြစ်​၍ဘုန်းကြီးပိုင်
သည့်​အ​ထောက်​အထားပြမှ ကူညီ​ပေးနိုင်​မည်​ဟူ၍သာ ​ကျေးရွာအုပ်​ချုပ်​​ရေးမှုးက
ပြောခဲ့​ကြောင်းပြန်​လည်​​ပြောဆိုခဲ့သည်​။

အဆိုပါဖြစ်​ရပ်​အ​ပေါ်​ကျေနပ်​မှု မရှိ​သော​ကြောင့်​ ဦးဝင်းနိုင်​၏လုပ်​ရပ်​အား မွန်​ပြည်​နယ်​ NLD အမှု​ဆောင်
အဖွဲ့ထံသို့လည်း​ကောင်း ပါတီဌာနချုပ်​မှစည်းကမ်းထိမ်းသိမ်း​ရေး သို့လည်း​ကောင်း တိုင်​ကြားသွားမည်​ ဟု
ချမ်း​မြေ့သာယာ​ကျောင်းဆရာ​တော်​ ဘဒ္ဒန္တ ခမာဝုဓ မှ ​ပြောဆိုသည်​။
Paung Daily 



No comments:

Post a Comment