Latest News

Thursday, November 2, 2017

Myanmar International Lighting Festival ဖွင့်ပွဲကျင်းပ

Myanmar International Lighting Festival ဖွင့်ပွဲကျင်းပ

ပုသိမ် နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် ကန်သုံးဆင့်ရှိ Royal Lake Amusement Park ၌ ယမန်နေ့ ည ၆ နာရီခွဲ က Myanmar International Lighting Festival ဖွင့်ပွဲကျင်းပသည်။

အခမ်းအနားတွင် Royal Lake Amusement Park မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်အောင်က ပုသိမ်မြို့၌ Myanmar International Lighting Festival ပြပွဲကျင်းပ ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပွဲပြုလုပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို Myanmar Paramount Company ဒါရိုက်တာ ဦးဟိန်းထက်က ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက အမှတ်တရဂုဏ်ပြု စကားပြောကြားပြီး တက်ရောက်လာကြသူများက ပြပွဲပြင်ဆင်ပြသထားမှုများကို လှည့် လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါပြပွဲကို နိုဝင်ဘာ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဒီဇိုင်းအုပ်စုခုနစ်မျိုးမှ အရုပ် ၇၄ ရုပ်ကို လှပသပ်ရပ်စွာ ခင်းကျင်းပြသထားကာ ဒီဇင်ဘာလဆန်းပိုင်းတွင် Disney Land မှ ဇာတ်ဆောင်အရုပ်များဖြင့် ဖျော်ဖြေတင်ဆက်ရန်စီစဉ်ထားကြောင်း မန်နေးဂျင်းဒါရိုက်တာ ဦးအောင်အောင်က ပြောသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
မြဝတီ

No comments:

Post a Comment