နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က MMA ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် အောင်လအန်ဆန်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့
ရန်ကုန် နိုဝင်ဘာ ၎
One Championship အဖွဲ့က ဦးဆောင်ကျင်းပသော MMA (ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ) One Hero’s Dream ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အောင်လအန်ဆန်ထံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၃ ရက်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၃ ရက်က ကျင်းပသော One Championships Hero’s Dream Open Weight Super – Bout ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Middle Weight တန်းမှ အောင်လန်အန်ဆန်က စိန်ခေါ်သူ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ ကို ပထမအချီ ၄ မိနစ် ၃၁ စက္ကန့် တွင် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုပြိုင်ပွဲသည် အောင်လအန်ဆန် ၏ ထူးချွန် ပြောင် မြောက်ပြီး အံ့မခန်းလောက်အောင် စိန်ခေါ်သူပြိုင်ဘက်ကို စွမ်းဆောင် အနိုင်ရ ယူခဲ့ သည့်အတွက် ဂုဏ်ပြုချီးကျူးလွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး
Saturday, November 4, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က MMA ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် အောင်လအန်ဆန်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က MMA ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် အောင်လအန်ဆန်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့
Reviewed by Ar Ti
on
6:30 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment